辛甜

တရုတ်တိုင်းရင်းဆေးပညာရှင်များသည် အမေရိကန် ဆရာဝန်များနှင့် ကူးစက်ရောဂါ ကုသရေး အတွေ့အကြုံများ မျှဝေ

(GMT+08:00)2020-03-21 14:18:07  

图片默认标题_fororder_1

图片默认标题_fororder_2

ယခုလ ၁၈ ရက်နေ့ညက China Media Group၏ CGTN မှ ဖိတ်ကြားချက်အရ COVID-19ကူးစက်ရောဂါဆိုင်ရာ တရုတ် ဗဟိုလမ်းညွှန်ရေးအဖွဲ့ ပါရဂူများအဖွဲ့ဝင်၊ တရုတ် အင်ဂျင်နီယာ တံခွန်အသင်းကြီးမှ အသင်းဝင် ကျမ်းပိုလီ အပါအဝင် တရုတ်တိုင်းရင်းဆေးပညာ ပါရဂူများသည် ဝူဟန့်မြို့၌ အမေရိကန် ဆရာဝန်များနှင့် ဗီဒီယို ဆက်သွယ်ပြီး COVID-19 ကူးစက်ရောဂါ ကုသရာ၌ တိုင်းရင်းဆေးပညာ၏ အာနိသင်၊ အသုံးပြုနည်း အကြောင်းများကို ဆွေးနွေးခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ကျမ်းပိုလီက၊ တရုတ်ပြည် တစ်ပြည်လုံးတွင် COVID-19 ရောဂါသည်များအား ကုသပေးရာ၌ တိုင်းရင်းဆေးဖြင့် ပါဝင်ကုသမှုနှုန်းမှာ ၉၂့ ၅၈ ရာခိုင်နှုန်း ရှိကြောင်း ပြောကြားပါသည်။

အမေရိကန်နိုင်ငံ Nebraska ပြည်နယ်၊ Colorado ပြည်နယ်၊ Missouri  ပြည်နယ်မှ ဆရာဝန်များသည် ရောဂါ အခြေအနေ မတူသော COVID-19 ရောဂါသည်များ အသုံးပြုသည့် တရုတ်တိုင်းရင်းဆေး အမျိုးအစား အကြောင်းများကို သေချာ မေးမြန်းခဲ့ကြပါသည်။