马宁

တရုတ်ပြည် ကူးစက်ရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်မှုကို မြန်မာနိုင်ငံ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များ တန်ဖိုးထား ချီးကျူး၊ တရုတ် အတွေ့အကြုံများကို ကိုးကားပြီး ရောဂါ ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်မည်ဟု ဆို

(GMT+08:00)2020-03-16 14:04:06  

  နိုင်ငံတကာ၌ လျင်မြန်စွာ ပျံ့နှံ့နေသော COVID-19 ကူးစက်ရောဂါကို ကြိုတင် ကာကွယ်ရန်အတွက် မကြာမီက မြန်မာနိုင်ငံသည် ယခုမှစ၍ ဧပြီလ ၃၀ ရက်နေ့အထိ သင်္ကြန်ပွဲ အပါအဝင် အကြီးစား လှုပ်ရှားမှုနှင့် စုစည်းပွဲမှန်သမျှကို ရပ်စဲမည်ဟု ကြေညာခဲ့ပါသည်။

  မြန်မာနိုင်ငံ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များသည် China Media Groupမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံသည် ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် ထူးချွန်သော အကျိုးသက်ရောက်မှုများ ရရှိပြီ ဖြစ်ပြီး ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်များစွာကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများက လေ့လာ အတုယူနိုင်မည် ဖြစ်ကြောင်း ဖေါ်ပြခဲ့ကြပါသည်။

  ကူးစက်ရောဂါ ဖြစ်ပွါးခဲ့သည့် နောက်ပိုင်း မြန်မာ အလွှာပေါင်းစုံတို့သည် အသွင်ပုံစံ မျိုးစုံဖြင့် တရုတ်ပြည်အား အားပေးထောက်ခံမှုကို ဖေါ်ပြခဲ့ကြပါသည်။ မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက၊ ယင်းသည် တရုတ်နှင့် မြန်မာ ကံကြမ္မာတူ အသိုက်အဝန်း အပြန်အလှန် ထောက်ခံခြင်းကို ပြသနေကြောင်း ပြောကြားပါသည်။

图片默认标题_fororder_angtu

  တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဟောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က၊ တရုတ်ပြည် စီးပွါးရေး တဖြည်းဖြည်း နာလန်ပြန်ထူလာခြင်းသည် မြန်မာ-တရုတ် ကုန်သွယ်ရေးနှင့် မြန်မာနိုင်ငံ စီးပွါးရေး ဖွံ့ဖြိုးမှု အပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု ရှိမည် ဖြစ်ကြောင်း ပြောကြားပါသည်။

图片默认标题_fororder_shengwinaung

  မြန်မာ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက၊ ယခု COVID-19 ကူးစက်ရောဂါ တစ်ကမ္ဘာလုံး၌ လျင်မြန်စွာ ပျံ့နှံ့ နေသော်လည်း တရုတ်ပြည်တွင်း၌ အထွတ်အထိပ်ကာလ ကုန်လွန်ပြီ ဖြစ်ကြောင်း၊ တရုတ်ပြည်၏ ထိန်းချုပ်ကာကွယ်ရေး ဆောင်ရွက်မှုသည် ထူးချွန်သော အကျိုးသက်ရောက်မှု ရရှိပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

图片默认标题_fororder_thanthannu

  မျက်မှောက်အချိန်တွင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများစွာတို့သည် သီးခြား ထားခြင်း၊ ယာယီဆေးရုံများ ဆောက်လုပ်ခြင်း အပါအဝင် တရုတ်ပြည်၏ ကူးစက်ရောဂါ ထိန်းသိမ်းရေး နည်းလမ်းများကို အတုယူ ကျင့်သုံးနေပါသည်။ ယင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆွေမျိုးပေါက်ဖေါ် မဂ္ဂဇင်း အယ်ဒီတာချုပ် ဖေဒီက၊ တရုတ်နိုင်ငံ၏ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများအတွက် စံနမူနာကောင်း ထူပြပေးနေကြောင်း ပြောကြားပါသည်။

图片默认标题_fororder_pe de