辛甜

စည်းလုံးညီညွတ်ရေးသည် တရုတ်ပြည်၏ တန်ဖိုးအရှိဆုံးသော ကူးစက်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံ ဖြစ်သည်ဟု ဒီမိုကရေစီဒီလှိုင်း အယ်ဒီတာချုပ် ဆို

(GMT+08:00)2020-03-10 13:34:21  

图片默认标题_fororder_ang

မြန်မာနိုင်ငံ ဒီမိုကရေစီဒီလှိုင်း မဂ္ဂဇင်း အယ်ဒီတာချုပ် မုံရွာအောင်ရှင်က China Media Groupမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် စည်းလုံးညီညွတ်ရေးသည် တရုတ်ပြည်၏ တန်ဖိုးအရှိဆုံးသော ကူးစက်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မုံရွာအောင်ရှင်က၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့် တရုတ်ပြည်သူများသည် ကူးစက်ရောဂါ တိုက်ဖျက်ရန်အတွက် မြင့်မားစွာ ကြိုးပမ်း အားထုတ်ခဲ့ကြောင်း၊ ယင်းကြိုးပမ်းမှု၏ အကျိုးသက်ရောက်မှု ထင်ရှားပါကြောင်း၊ တရုတ်နိုင်ငံသည် ရောဂါ ကူးစက်မှုကို လျင်မြန်ပြီး အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောကြားပါသည်။

မုံရွာအောင်ရှင်က၊ အရေးပေါ် အများပြည်သူကျန်းမာရေး အရေးကို ရင်ဆိုင်လျက် နိုင်ငံ တစ်နိုင်ငံသည် စည်းလုံးညီညွတ်ပြီး တက်ညီလက်ညီနှင့် အသံ တစ်မျိုးတည်း ထွက်နိုင်ပါက အားကောင်းသော အင်အားများ စုစည်းနိုင်မည် ဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အထူးချွန်ဆုံးသော အရာပင် ဖြစ်ကြောင်း ပြောကြားပါသည်။

မုံရွာအောင်ရှင်က၊ တရုတ်နိုင်ငံသည် တိုတောင်းသည့် အချိန်အတွင်း ရောဂါ ဖြစ်ပွါးရာဒေသသို့ ဆေးဝန်ထမ်း ၂ သောင်းကျော်ကို စေလွှတ်ပြီး ဆေးရုံများကိုလည်း ဆောက်လုပ်ပေးခဲ့ကြောင်း၊ ယင်းကဲ့သို့သော အလုပ်တွင်ကျယ်မှု အပေါ် အနောက်နိုင်ငံများတောင် တုန်လှုပ်အံ့သြမိကြကြောင်း၊ မိမိတို့သည် ယင်းကို အလွန် ချီးကျူးလိုပါကြောင်း ပြောကြားပါသည်။