张晓宁

ဆန်တန်ချိန် ၂၀၀ မြန်မာအစိုးရမှ တရုတ်အစိုးရသို့ ပေးပို့လှူဒါန်း

(GMT+08:00)2020-03-01 14:50:48  

မြန်မာအစိုးရမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀ ပေးပို့  လှူဒါန်းသည့်အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုံ ၄ ရှိ ကနောင်မင်းသားကြီးလမ်း အမှတ် ၇၀ ၌ မတ်လ ၁ရက်နေ့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

အခမ်းအနားတွင် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူးမှ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်အား ဆန်တန်ချိန် ၂၀၀  ပေးအပ်လှုဒါန်းခဲ့သည်ဟု သိရသည်။