马宁

ကုလလူ့အခွင့်အရေးကောင်စီ၏ ဆောင်ရွက်မှုသည် ရခိုင်ပြည်နယ် ကိစ္စကိုင်တွယ်ဖြေရှင်း ရန်အတွက် အကျိုးပြုသင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနဆို

(GMT+08:00)2020-02-29 12:54:14  

  ကုလသမဂ္ဂလူ့ခွင့်အရေးကောင်စီသည် ယခုလ ၂၇ ရက်နေ့က ရခိုင်ပြည်နယ် မူစလင် ဘာသာဝင်များ၏ လူ့အခင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ရေးရာ အဆင့်မြင့် commissioner၏ အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် လျူဟွာက တရုတ်ပြည်အနေနှင့် အပြုသဘောဆောင်သော ဆွေးနွေးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဖြင့် လူ့အခွင့်အရေးဆိုင်ရာ သဘောကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းရန် တစ်လျှောက်လုံး စွဲကိုင်ထားကြောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆောင်ရွက်ချက်မှုသည် ရခိုင်ပြည်နယ် မူစလင် ဘာသာဝင်များအား ဇာတိရပ်ရွာသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေပြီး ရခိုင်ပြည်နယ်ကိစ္စ ကိုင်တွယ်ဖြေရှင်းရန်အတွက် အကျိုးပြုသင့်သည်ဟု ယူဆကြောင်း ပြောကြားပါသည်။