邹立莹

အာဆီယံနိုင်ငံခြားဝန်ကြီးများသည် တရုတ်COVID-19 တိုက်ဖျက်ရေး ဆောင်ရွက်မှုများကို ချီးကျူး

(GMT+08:00)2020-02-25 15:59:41  

ယခုလ ၂၄ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာ ရှင်းလင်းပွဲကို အပြာရောင်ခန်းမဆောင်တွင် တရားဝင်ပြန်လည်ကျင်းပခဲ့ရာ ပြောရေး ဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယင်းသတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။ လွန်ခဲ့သည့်သီတင်းပတ်တွင် ကျင်းပခဲ့သော COVID-19 ရောဂါ ဆိုင်ရာ တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေး အပေါ် နိုင်ငံတကာ မိသားစုကြီးက တက်ကြွစွာ တုံ့ပြန်မှုများ ပြုလုပ်ပြီး အချို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် တရုတ် COVID-19 တိုက်ဖျက်ရေး ဆောင်ရွက်မှုများကို ချီးကျူးခဲ့ကြပါသည်။ ယင်းနှုင့် ပတ်သက်ပြီး ကျောက်လိကျန်းက၊ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများ အပါအဝင် သက်ဆိုင်ရာ ဘက်အသီးသီးတို့နှင့်အတူ ဒေသတွင်းနှင့် နိုင်ငံတကာ အများပြည်သူ ကျန်းမာရေး လုပ်ငန်းများအတွက် အကျိုးပြု ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။