邹立莹

ကူးစက်ရောဂါ တိုက်ဖျက်ရာ၌ တရုတ်-အာဆီယံဆက်ဆံမှု အဆင့်မြှင့်တင်သွားမည်

(GMT+08:00)2020-02-22 16:20:01  

နိုဗယ် ကိုရိုနာ အဆုတ်ရောင် ကူးစက်ရောဂါဆိုင်ရာ တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေးကို ယခုလ ၂၀ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျမ်းမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ အစည်းအဝေးတွင် ကူးစက်ရောဂါ လက်တွဲ တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် အရေးကြီး သဘောတူညီမှုကို ရရှိကာ၊ တစ်လှေတည်းစီး တစ်ခရီးတည်းသွားပြီး အပြန်အလှန် ထောက်ခံ၍ အခက်အခဲများကို လက်တွဲ ကျော်လွှားရမည်ဟု တညီတညွတ်တည်း ယူဆကြကြောင်း၊ ကူးစက်ရောဂါ တိုက်ဖျက်ရာ၌ တရုတ်-အာဆီယံ ဆက်ဆံမှုသည် အဆင့်မြှင့်တင်သွားမည်ဟု တရုတ်ပြည်ဘက်က ယုံကြည်ပါကြောင်း ၂၁ ရက်နေ့က ပြောကြားခဲ့ပါသည်။

ကင်စွမ်က၊ ယခုအကြိမ်အစည်းအဝေးတွင် အပြုသဘောဆောင်သော အောင်ကျိုးရလဒ်များ ရရှိပြီး နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ ဆိုင်ရာ တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ပူးတွဲ ကြေညာချက် ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။