李悦

ပီကင်းဆောင်းရာသီအိုလံပစ်အားကစားပွဲတော် စည်းရုံးကျင်းပရေးကော်မတီကို ပြတ်သားစွာ အားပေးထောက်ခံမည်ဟု နိုင်ငံတကာ အိုလံပစ် ကော်မတီဆို

(GMT+08:00)2020-02-19 14:05:24  

ယမန်နေ့ ၁၇ရက်နေ့က ပီကင်းဆောင်းရာသီအိုလံပစ် အားကစားပွဲတော် စည်းရုံးကျင်းပရေး ကော်မတီနှင့် နိုင်ငံတကာအိုလံပစ် ကော်မတီ အဆင့်မြင့် အရာရှိများသည် ဗီဒီယိုဖြင့် အစည်းအဝေးကျင်းပရာတွင် ပီကင်းဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲ   ပြင်ဆင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည့်ပြည့်ဝဝ ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း၊ နိုင်ငံတကာလက်မှတ်ရေးရာ၊ ဧည့်ခံရေးအစီအစဉ်နှင့် ရေရှည်တည်ရှိနိုင်ခြင်းရှိသော ကိစ္စရပ်များနှင့်ပတ်သက်၍ နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြကြောင်း၊ နိုင်ငံတကာအိုလံပစ် ကော်မတီ ဒုဥက္ကဋ္ဌ စာမာရမ်ချီသည် လက်ရှိတရုတ်နိုင်ငံအနေနှင့် အခက်အခဲများနှင့် NCPကူးစက်ရောဂါကို ရင်ဆိုင်နေသည့်ကာလတွင် နိုင်ငံတကာအိုလံပစ် ကော်မတီသည် ပီကင်းဆောင်းရာသီအိုလံပစ် အားကစားပွဲတော် စည်းရုံးကျင်းပရေး ကော်မတီကို ပြတ်သားစွာ အားပေးထောက်ခံမည်ဟု ပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။