李悦

ဗိုင်းရပ်စ်ထက် ပိုကြောက်စရာကောင်းတာက ဘာလဲ

(GMT+08:00)2020-02-19 14:10:50  

နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွါးခဲ့တဲ့နောက်ပိုင်း တရုတ်အစိုးရဟာ တရုတ် ပြည်သူပြည်သား သန်း ၁၄၀၀ ကို ဦးဆောင်ပြီး ဇွဲသတ္တိရှိရှိနဲ့ ကူးစက်ရောဂါကို တိုက်ဖျက် နေခဲ့ပါတယ်။ တစ်ပြည်လုံး ဆေးဝန်ထမ်း သောင်းပေါင်းများစွာတို့က ကူးစက်ရောဂါ အပြင်းထန်ဆုံးဒေသသို့ သွားရောက် ထောက်ပံ့ကူညီပြီး လူ သန်းပေါင်း ၃၊၄၊၅ ရာတို့ အိမ်မှာပဲ သီးခြားနေကြတယ်။ တရုတ်ပြည်ရဲ့ ကြိုးပမ်းမှုနဲ့ အကျိုးသက်ရောက်မှုများဟာ နိုင်ငံတကာ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ စံချိန်စံနှုန်းသစ် တင်လိုက်ပါတယ်။

ဒါပေမယ့် အနောက်နိုင်ငံ တစ်ချို့ဟာ တစ်လျှောက်လုံးဆိုသလို တရုတ်ပြည် အလုပ်တွင်ကျယ်မှု မရှိတာရယ်၊ သတင်းအချက်အလက်ကို ဖုံးကွယ်တာရယ် စတာတွေ ပြစ်တင် ပြောဆိုနေပြီး ကူးစက်ရောဂါကို အကြောင်းပြပြီး တရုတ်ပြည်ရဲ့ နိုင်ငံရေးစနစ်ကို အကြိမ်ကြိမ် ပုတ်ခတ် ပြောဆိုခဲ့တယ်။ တစ်ချို့မီဒီယာမှာလည်း ဗိုင်းရပ်စ်ကို တရုတ်ပြည်ပဲ ထုတ်လုပ်တာလို့ ကဲ့ရဲ့ပြောဆိုခဲ့တယ်။ အဲဒါတွေဟာ တရုတ် ပြည်သူ တစ်ရပ်လုံးကို ထိခိုက်ပြီး နောက်ကွယ်မှာ ပေါ်လွင်လာတဲ့ လူမျိုးခွဲခြားအထင်သေးမှုဟာ ကိုရိုနာဗိုင်းရပ်စ် ထက်တောင် ပိုကြောက်စရာ ကောင်းပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ် ပြောသလိုပဲ၊ ကူးစက်ရောဂါကို တိုက်ဖျက်တဲ့ တစ်ချိန်တည်းမှာ နိုင်ငံတကာမိသားစုကြီးဟာ သတင်းအတုအပ၊ ကောလာဟလ သတင်းများနဲ့လည်း တိုက်ခိုက်ရပါတယ်။ နိုင်ငံတကာ မိသားစုကြီး ရင်ဆိုင်နေရတဲ့ အကြီးဆုံး ရန်သူဟာ ကိုရိုနာဗိုင်းရပ်စ်ပင် မဟုတ်ဘဲ လူသားများကို ရန်ဘက် ဖြစ်စေတဲ့ မဟုတ်မမှန် ပုတ်ခတ် ပြောဆိုစကားတွေပဲ ဖြစ်တယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။ (ကျော့)