李悦

တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကူးစက်ရောဂါ သော့ချက်ကျ သတင်းအချက်အလက်များကို အတူ မျှဝေ

(GMT+08:00)2020-02-19 14:11:05  

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ် Tedros Adhanom Ghebreyesus က၊ တရုတ်နိုင်ငံသည် ယခုလ ၁၇ ရက်နေ့က စာတမ်း ထုတ်ပြန်ပြီး ယင်းစာတမ်းတွင် နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသည့် ရောဂါသည် ၄၄၀၀၀ တို့၏ အသေးစိတ် အချက်အလက်များ ပါဝင်သဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ အဆိုပြုချက်များ ချမှတ်ရေးအတွက် လွန်စွာ အရေးကြီးကြောင်း၊ ယင်း အချက်အလက်များကြောင့် မိမိတို့သည် ရောဂါ ကူးစက်ခံရသူ များ၏ အသက်အရွယ်၊ ရောဂါ ပြင်းထန်မှု အခြေအနေနှင့် သေဆုံးမှုနှုန်း အခြေအနေကို ပိုမို ရှင်းလင်းစွာ နားလည် သိရှိလာစေပါကြောင်း၊ နိုင်ငံအားလုံး သက်ဆိုင်ရာ အချက်အလက်များကို မျှဝေ ပေးရန် မိမိတို့ အားပေး တိုက်တွန်းပါကြောင်း ယခုလ ၁၇ ရက်နေ့က ဂျီနီဗာမြို့၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။ (ကျော့)