李悦

ဝူဟန့် အားတင်းထား။ China Media Group နှင့် ရုရှားမီဒီယာတို့သည် ရုရှားသီချင်း”လက်တွဲ၍ အတူချီတက်ကြစို့”ကို အတူထုတ်ပြန်

(GMT+08:00)2020-02-19 14:07:37  

ယခုရက်များက China Media Group နှင့် ရုရှားနိုင်ငံ Saint Petersburg FM 102.4 ရေဒီယိုဌာနတို့သည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ အတူခုခံ တိုက်ဖျက်ရန်အတွက် ရုရှားသီချင်း ”လက်တွဲ၍ အတူချီတက်ကြစို့”ကို အတူထုတ်ပြန်ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယင်းသီချင်းထဲတွင် ရုရှားနှင့်တရုတ် နှစ်နိုင်ငံပြည်သူများသည် တရုတ်နိုင်ငံ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါကို ခုခံတိုက်ဖျက်ရန် အတူအားပေး ကြသည်ဟု ဖော်ပြထားကြောင်း၊ အပြန်အလှန် ကူညီပြီး လက်ရှိ အခက်အခဲများကို အတူကျော်လွှားရာတွင် တရုတ်နှင့်ရုရှား နှစ်နိုင်ငံတို့၏ နက်ရှိုင်းလှသော မေတ္တာတရားကို ဖော်ပြထားကြောင်း သတင်းရရှိပါသည်။