李悦

၁၈ ရက်နေ့ တရုတ်ပြည်မကြီးမှ NCPရောဂါဆိုင်ရာသတင်းထုတ်ပြန်ချက်များ

(GMT+08:00)2020-02-19 14:30:56  

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ နောက်ဆုံးရစာရင်းအရ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ၀ နာရီမှ ည ၁၂ နာရီအထိ တရုတ်ပြည်မကြီးတွင် အသစ်တိုးလာသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါဝေဒနာရှင် ဦးရေမှာ ၁၇၄၉ ဦးရှိပြီး သေဆုံးသူဦးရေ ၁၃၆ ဦးရှိကာ ရောဂါကူးစက်ခံရသည်ဟုသံသယရှိသူ ဦးရေ ၁၁၈၅ ဦး ရှိကြောင်း သိရသည်ဟု China Media Groupကရေးသောဖော်ပြပါသည်။

၁၈ ရက်နေ့ ည ၁၂ နာရီအထိ တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါဝေဒနာရှင် စုစုပေါင်းဦးရေမှာ ၇၄၁၈၅ ဦးထိ ရှိပြီး ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူစုစုပေါင်းဦးရေမှာ ၅၂၄၈ ဦးရှိကာ ဆေးကုသမှုခံပြီး ဆေးရုံမှဆင်းသွားခဲ့သူ စုစုပေါင်းဦးရေမှာ ၁၄၃၇၆ ဦးရှိ၍ သေဆုံးသူဦးရေမှာ ၂၀၀၄ ဦးရှိကြောင်း၊ ယခု သက်ဆိုင်ရာမှ စောင့်ကြည့်အကဲခတ်မှုခံနေရသော ရောဂါရှိသူများနှင့် ရင်းနှီးစွာ ဆက်ဆံခဲ့သူ စုစုပေါင်းဦးရေမှာ ၁၃၅၈၈၁ ဦးရှိကြောင်းသိရသည်။

图片默认标题_fororder_0219