李悦

ဝမ်ယိသည် တရုတ်-အာဆီယံ NCP ရောဂါဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ တက်ရောက်မည်

(GMT+08:00)2020-02-18 14:15:48  

ယခုလ ၁၇ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က အွန်လိုင်းပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယခုလ ၁၉ရက်နေ့မှ ၂၁ရက်နေ့အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်၌ ကျင်းပမည့် တရုတ်-အာဆီယံ NCPရောဂါဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးတွင် တရုတ်နှင့် အာဆီယံနိုင်ငံများသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကို အတူရင်ဆိုင်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း၊ ဒေသတွင်း နိုင်ငံများမှ ပြည်သူလူထုများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ပြီး ကမ္ဘာ့ပြည်သူများ၏ ကျန်းမာရေးလုပ်ငန်းအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။