李悦

တရုတ်ပြည်ကို အထီးကျန်စေရန် လူအချို့၏ ကြံစည်ချက်သည် ရယ်စရာ ဖြစ်လာ

(GMT+08:00)2020-02-18 14:16:20  

    ယခုလ ၁၆ရက်နေ့က တရုတ်ပြည်တွင် ကိစ္စ ၂ ရပ် ဖြစ်ပွားခဲ့ကြောင်း၊ တစ်ခုက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ပညာရှင်များအဖွဲ့သည် ပီကင်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ နောက်တစ်ခု ကတော့ ကုန်သေတ္တာ ၄၁ စုံကို သယ်ဆောင်ထားသည့် တရုတ်-ဥရောပ ရထား တစ်စင်းသည် တရုတ်ပြည် ဟိုနန်ပြည်နယ် ကျင့်ကျိုးမြို့မှ အရှေ့အာရှသို့ ထွက်ခွါပြီး တရုတ်-ဥရောပ ရထား(ကျင့်ကျိုး) ပြေးဆွဲခြင်း တရားဝင် ပုံမှန်ပြန်ဖြစ်လာခဲ့ကြောင်း၊ ယင်းသည် တရုတ်ပြည်သူများ၏ ချမ်းမြေ့သာယာမှုကို ကာကွယ်ပေးရန် ဖြစ်ရုံသာမကဘဲ ပိုမိုကျယ်ပြန့်သော ဂလိုဘယ် အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန်လည်း ရည်ရွယ် ထားကြောင်း၊ ယင်းသည် တရုတ်ပြည်အား အထီးကျန်စေရန် လူအချို့၏ ကြံစည်ချက်ဟာ ရယ်စရာ ဖြစ်လာခြင်းကို ပြဆိုနေကြောင်း China Media Groupမှ သတင်းအရ သိရသည်။

ယခုလ ၁၆ရက်နေ့က ဟူပေပြည်နယ်မှလွဲ၍ တရုတ်ပြည်မကြီးတွင် အသစ်တိုးလာ သည့် NCPကူးစက်ခံရသူ ဦးရေမှာ ၁၁၅ဦးရှိပြီး ၁၃ရက် ဆက်တိုက် ကျဆင်းသည်ဟု နောက်ဆုံးစာရင်းအရ သိရကြောင်း၊ လက်ရှိအချိန်တွင် တရုတ်ပြည်မှလွဲ၍ အခြား နိုင်ငံများ၌ ရောဂါစမ်းသပ်စစ်ဆေးခံနေရသည့် NCPကူးစက်ခံရသူ ဦးရေသည် တစ်ကမ္ဘာလုံးရှိ NCPကူးစက်ခံရသူ စုစုပေါင်းဦးရေ၏ ၁ ရာခိုင်နှုန်း မရှိကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ် Tedros ပြောကြားသည့်အတိုင်း တရုတ်ပြည်သည် အရင်းအမြစ်မှနေ NCPကူးစက်ပြန့်ပွားမှုကို တားဆီးပြီး အလွန်ကြီးမားသည့် ဆုံးရှုံးနစ်နာမှု ခံရကာ ကမ္ဘာ့အတွက် အချိန်ရကြောင်း၊ သို့သော် အနောက်နိုင်ငံများမှ မီဒီယာနှင့် နိုင်ငံရေးသမားအချို့သည် မမှန်သတင်းများကို ဆက်တိုက် ထုတ်ပြန်ပြီး တရုတ်ပြည်ကို အထီးကျန်စေရန် ထပ်မံ လှုံ့ဆော်ဝါဒဖြန့်နေကြောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်း ပြန့်ပွား နေသော ယနေ့ခေတ်တွင် တရုတ်ပြည်ကို အထီးကျန်စေရေး ဟူသော ပြောဆိုချက်သည် လက်တွေ့အခြေအနေနှင့် မကိုက်ညီ၍ ရယ်စရာ ဖြစ်နေကြောင်း China Media Groupက ဖော်ပြသည်။

ရောဂါကူးစက်ပြန့်ပွားမှုသည် နယ်နိမိတ်မျဉ်းကြောင်း မရှိကြောင်း၊ တရုတ်ပြည်ကို အထီးကျန်စေရေး ဟူသော ပြောဆိုချက်သည် တစ်ကမ္ဘာလုံး ဘုံသဘောတူညီချက်ကို ကျောခိုင်းနေခြင်းဖြစ်ကြောင်း၊ သွေးစည်းညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ပြီး တစ်ဖက်သတ် တစ်ယူသန်အမြင်နှင့် ရန်ငြိုးဖွဲ့ခြင်းကို စွန့်လွှတ်မှသာ လူသားတို့၏ အောင်ပွဲခံနေ့သည် ဆောလျင်စွာ ကျရောက်လာမည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။