张晓宁

တရုတ်၏ NCP ရှိသူနှင့် ရင်းနှီးစွာ ဆက်ဆံခဲ့သူ စုံစမ်းရေး စနစ်ကို သုံးစွဲသူ ဦးရေမှာ သန်း၁၃၀ကျော် ရှိပြီဖြစ်

(GMT+08:00)2020-02-17 15:15:18  

    တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်နှင့် တရုတ် အီလက်ထရွန်နစ် နည်းပညာ အုပ်စု ကော်ပိုရေးရှင်း လီမိတက်တို့ ပူးပေါင်း တီထွင်ထုတ်လုပ်သော နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်နာ ကူးစက်ရောဂါ(NCP)ရှိသူနှင့် ရင်းနှီးစွာ ဆက်ဆံခဲ့သူ စုံစမ်းရေး စနစ်ကို အွန်လိုင်းတင်ပြီး လူများစွာ အသုံးပြုခဲ့ပြီ ဖြစ်ကြောင်း၊ သာမန်သူများသည် ၄င်းစနစ်တွင် ကိုယ်ရေးအချက်အလက်များကို ထည့်သွင်းပြီး မိမိဟာ NCPရှိသူနှင့် ရင်းနှီးစွာ ဆက်ဆံခဲ့သူ ဟုတ် မဟုတ် သိရှိနိုင်မည် ဖြစ်ကြောင်း၊ ၄င်းစနစ်သည် big data အကဲဖြတ်ခြင်း၏ အခြေခံပေါ်တွင် တီထွင်ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း၊ ယခုအထိ ၄င်းစနစ်ကို အသုံးပြုသူ ဦးရေမှာ သန်း၁၃၀ကျော်ရှိပြီဖြစ်ပြီး ၄င်းစနစ်ဖြင့် တွေ့ရှိရသည့် NCPရှိသူနှင့် ရင်းနှီးစွာ ဆက်ဆံခဲ့သူ ဦးရေမှာ ၈သောင်းကျော် ရှိကြောင်း China Media Groupမှ သတင်းအရ သိရသည်။ 

图片默认标题_fororder_查询系统