张晓宁

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00)2020-02-17 15:07:30  

ဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ ၁၅ရက်နေ့က တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဂျာမဏီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသည့်  ၅၆ကြိမ်မြောက် မြူးနစ် လုံခြုံရေးအစည်းအဝေးသို့ တက်ရောက်ရာတွင် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးKang Kyung-whaနှင့် တွေ့ဆုံခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိက တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှ ပေးပို့သော ထောက်ပံ့ကူညီမှုများနှင့် ထောက်ခံအားပေးမှုများကို ကျေးဇူးတင်ရှိကြောင်း၊ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါကို တိုက်ဖျက်ပြီးနောက် တရုတ်နိုင်ငံအနေနှင့် တောင်ကိုရီးယားနိုင်ငံနှင့် ကူးလူးဖလှယ်မှုများကို အားဖြည့်ဆောင်ရွက်ပြီး နှစ်ဖက်တို့သည် ယခုနှစ်အတွင်း ကြိုတင်သတ်မှတ်ထားသော အဆင့်မြင့် ကူးလူးဖလှယ်မှုများအတွက် ကောင်းမွန်စွာ ပြင်ဆင်လိုသည့်အပြင် ဆေးဝါးကုသရေး၊ သိပ္ပံနည်းပညာ စသောနယ်ပယ် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာဆောင်ရွက်ကာ တရုတ်-တောင်ကိုရီးယား မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို တိုးတက်မှုသစ်ရရှိရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး KangKyung-whaက  နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါကို ခုခံတိုက်ဖျက်ရာတွင် တရုတ် အစိုးရနှင့် ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုကို တောင်ကိုရီးယားနိုင်ငံသည် မြင့်မားစွာ ချီးကျူးကြောင်း၊ တောင်ကိုရီးယားနိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့်အတူ ယခုနှစ်တွင် အဆင့်မြင့် ကူးလူးဖလှယ်မှုများကို အတူပြင်ဆင်လိုပြီး စီးပွားကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ ပတ်ဝန်းကျင်၊ ကျန်းမာရေး နှင့် လူမှုယဉ်ကျေးမှု စသောနယ်ပယ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေကာ တောင်ကိုရီးယား-တရုတ် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ဆက်ဆံရေး အဆင့်သစ်သို့ တက်လှမ်းရန် တွန်းအားပေးလိုကြောင်း  ပြောကြားခဲ့ပါသည်။

图片默认标题_fororder_韩国