张晓宁

လူတစ်ချို့က သေရေးရှင်ရေးနဲ့ ရင်ဆိုင်နေရသလို လူတစ်ချို့က ယုံကြည်စိတ် တိုးပွားလာ

(GMT+08:00)2020-02-17 15:03:27  

ပြင်းထန်တဲ့ ရောဂါဖြစ်ပွားမှုအခြေအနေနဲ့ ရင်ဆိုင်ရာမှာ လူတိုင်းက ကိုယ့်​ဘာသာကိုယ်​ အစွမ်းကုန် တိုက်​ခိုက်​နေပေမယ့် အထီးကျန်ပြီး တိုက်ခိုက်နေရတာမျိုး မဟုတ်ပါဘူး။ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများကို သီးသန့် လက်လံကုသပေးနေတဲ့ ရွှေ့ပြောင်းယာယီဆေးကုခန်းများဟာ စတင်ဆောက်လုပ်ခါစက တစ်ပြည်လုံးရှိ အင်တာနက်သုံးစွဲသူများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတယ်။ အခု ဝူဟန့်မြို့မှာ ရွှေ့ပြောင်းယာယီဆေးကုခန်း ၉ ခုရှိပြီးလူနာ ၅၆၀၆ ဦးတို့ကိုလက်ခံဆေးကုပေးနေပါတယ်။ မီဒီယာများမှ သတင်းထုတ်ပြန်မှုနဲ့ လူနာများရဲ့ selfie ပုံများကနေတစ်ဆင့် အင်တာနက်သုံးစွဲသူများက ဆေးကုခန်းထဲက အကြောင်းအရာများကို  မြင်တွေ့သိရှိနိုင်ကြ ပါတယ်။

အခုလ ၁၄ ရက်နေ့ ည ၁၂ နာရီအထိ တစ်ပြည်လုံးရှိ ဒေသအသီးသီးမှ စေလွှတ်ခဲ့တဲ့ ဆေးကုသရေးအဖွဲ့ ၂၁၇ ဖွဲ့မှ ဆေးကုဝန်ထမ်း ၂၅၆၃၃ ဦးတို့ဟာ ဟူပေပြည်နယ်ကို သွားရောက် အားပေးထောက်ပံ့ခဲ့ကြပါတယ်။ သူတို့ဟာ ဗိုင်းရပ်စ်နဲ့ တိုက်ခိုက်နေကြတယ်၊ လူနာများကို ကုသပေးကြတယ်၊ ဒါနဲ့ တစ်ချိန်တည်းမှာ လူနာများကိုလည်း တတ်နိုင်သလောက်  နှစ်​သိမ့်​အား​ပေး​ကြတယ်။

ဒီတစ်ကြိမ် အရေးပေါ် ရောဂါဖြစ်ပွားမှုဟာ လူနာများကို သေရေးရှင်ရေးအခြေအနေနဲ့ ရင်ဆိုင်စေခဲ့ရုံသာမက၊ ရောဂါမပြန့်ပွားစေရေးအတွက် အိမ်အပြင်မထွက်ရတဲ့ လူများ အနေနဲ့လည်း ဘဝကို ပြန်လည် စဉ်းစားသုံးသပ်စေခဲ့ပါတယ်။

ကျာနာ့ လို့ အမည်ရှိတဲ့ ဝူဟန့်ဒေသခံ သူနာပြုဆရာမတစ်ဦးက ဆောင်းရာသီဟာ မုချ ပြီးဆုံးတော့မယ်၊ နွေဦးရာသီလည်း မုချကျရောက်လာတော့မယ်၊ အဲဒီအချိန် ရောက်ရင်တော့ ဝူဟန့်ဟာ ဝူဟန့်ပဲဖြစ်မြဲဖြစ်နေပေမယ့်လည်း တရုတ်ပြည်သူများကတော့ ပိုပြီးရင်းရင်းနီးနီး  ဖြစ်သွားကြမှာ သေချာကြောင်း ပြောခဲ့ပါတယ်။