张晓宁

တရုတ်ပြည် ကူးစက်ရောဂါ ထိန်းချုပ်ကာကယ်ရေး ကြိုးပမ်းမှုကို ထောက်ခံသည်ဟု အာဆီယံအလှည့်ကျသဘာပတိနိုင်ငံဗီယက်နမ်သဘာပတိကြေညာချက်ကို ထုတ်ပြန်

(GMT+08:00)2020-02-17 15:04:56  

အာဆီယံအလှည့်ကျသဘာပတိနိုင်ငံဗီယက်နမ်သည် ဖေဖေါ်ဝါရီ၁၅ရက်နေ့က သဘာပတိကြေညာချက်ကို ထုတ်ပြန်ပြီး တရုတ်ပြည်၏ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကြိုးပမ်းဆောင်ရွက်မှုကို အားပေးထောက်ခံကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးတို့သည် ကူးစက်ရောဂါကို တက်ညီလက်ညီ ရင်ဆိုင်ရမည် ဖြစ်ကြောင်းဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။

   အဆိုပါကြေညာချက်တွင်၊ ဗီယက်နမ်နိုင်ငံသည် တရုတ်အစိုးရနှင့် ပြည်သူများ၊ ကမ္ကာ့နိုင်ငံအသီးသီးတို့၏ ကူးစက်ရောဂါ ရင်ဆိုင်ဖြေရှင်းရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုကို ထောက်ခံအားပေးကြောင်း၊ အာဆီယံအဖွဲ့သည် တရုတ်၊ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံများနှင့် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား၊ အဆီယံနှင့် တရုတ်အပါအဝင်မိတ်ဖက်နိုင်ငံများအကြား၊  အာဆီယံနှင့် WTO အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများအကြား သတင်းအချက်အလက်၊ အတွေ့အကြုံနှင့် နည်းလမ်းများကို မျှဝေရန် တွန်းအားပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။