张晓宁

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိသည် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00)2020-02-17 15:06:03  

ဒေသစံတော်ချိန် ယခုလ ၁၅ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိသည် ၅၆ ကြိမ်မြောက် မြူးနစ်  လုံခြုံရေးအစည်းအဝေး တက်ရောက်နေစဉ်အတွင်း ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုတေကျီထိုရှီမင်ဆူနှင့် တွေ့ဆုံခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ၀မ်ယိက ရှေးဦးစွာ တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ဂျပန်နိုင်ငံ ထောက်ခံ နားလည်ပေးခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုရက်များတွင် ဂျပန်ပြည်သူများ၏ တရုတ်နိုင်ငံအား ထောက်ပံ့ကူညီသောအကြောင်းအရာများသည် အင်တာနက်ပေါ်မှာ ရေပန်းစားလျက်ရှိပြီး မိမိတို့သည် မိတ်ဆွေအိမ်နီးချင်း ချစ်ကြည်မှုနှင့် နွေးထွေးမှုများကို ခံစားမိရကြောင်း၊  နှစ်နိုင်ငံ ပြည်သူများ၏ ချစ်ကြည်ရေး ပိုမိုနက်ရှိုင်းစွာ တိုးတက်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။