张晓宁

ဥရောပ သမဂ္ဂမှ တင်သွင်းသော အရပ်ဖက်သုံး လေယာဉ် အပေါ် အမေရိကန်၏ အခွန် တိုးကောက်ခြင်းသည် အမေရိကန်-ဥရောပ ကုန်သွယ်ရေး တင်းမာမှုကို အရှိန်မြင့်စေမည်ဟု Airbus Groupဆို

(GMT+08:00)2020-02-17 15:10:45  

ဒေသ စံတော်ချိန် ယခုလ ၁၅ရက်နေ့က Airbus Groupမှ ကြေညာချက် ထုတ်ပြန်ရာ ဥရောပ သမဂ္ဂမှ တင်သွင်းသော အရပ်ဖက်သုံး လေယာဉ် အပေါ် အခွန် တိုးကောက်ပြီး အခြား ကုန်ပစ္စည်း အမျိုးအစားများ အပေါ် ဆက်လက် အခွန်တိုးကောက်မည်ဟု အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး၏ ဆုံးဖြတ်ချက် အပေါ် နက်နဲစွာ ဝမ်းနည်းမိကြောင်း ဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရသည်။

Airbus Groupက ၄င်းဆုံးဖြတ်ချက်သည် အမေရိကန်-ဥရောပ ကုန်သွယ်ရေး တင်းမာမှုကို အရှိန်မြင့်စေမည်ဖြစ်ပြီး အမေရိကန် လေကြောင်း ကုမ္ပဏီများအား ပိုမိုများပြားသော မရေမရာဖြစ်မှုများကို ဆောင်ကြဉ်းလာမည် ဖြစ်ကြောင်း ဖော်ပြသည်။

အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက အမေရိကန်သည် ဥရောပ သမဂ္ဂမှ တင်သွင်းသော အကြီးစား အရပ်ဖက်သုံး လေယာဉ်များ အပေါ် အခွန်တိုးကောက်နှုန်းမှာ မူလက ၁၀ရာခိုင်နှုန်းမှ ၁၅ရာခိုင်နှုန်း အထိ တိုးမြှင့်ကြောင်း ဒေသစံတော်ချိန် ယခုလ ၁၄ရက်နေ့က ကြေညာခဲ့သည်။

图片默认标题_fororder_关税