张晓宁

NCPရောဂါ ခုခံကာကွယ်ရေးလုပ်ငန်းအတွက် အရေးပေါ် အာမခံပေးမှုကို အစွမ်းကုန် ဆောင်ရွက်မည်ဟု တရုတ်နိုင်ငံတော်စားနပ်ရိက္ခာနှင့် မဟာဗျူဟာ အရန်ပစ္စည်းများ ဌာနဆို

(GMT+08:00)2020-02-17 15:04:18  

၂၀၁၉ခုနှစ် တရုတ်ပြည်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံတော်စားနပ်ရိက္ခာနှင့် မဟာဗျူဟာ အရန်ပစ္စည်းများ ဝန်ကြီးဌာန (NFSRA)သည် အရေးပေါ် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ အာမခံပေးမှု လုပ်ငန်းကို အစွမ်းကုန် ဆောင်ရွက်ခဲ့ပြီး ရောဂါ ခုခံတိုက်ဖျက်ရေးလုပ်ငန်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း NFSRA ဌာနမှ ယမန်နေ့ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သောသတင်းအရ သိရသည်ဟု China Media Groupက ရေးသားဖော်ပြပါသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့မှစ၍ တရုတ်နိုင်ငံတော် အရေးပေါ် စီမံအုပ်ချုပ်ရေးဝန်ကြီးဌာန ၏ ခန့်ခွဲမှုအရ တရုတ်နိုင်ငံတော် စားနပ်ရိက္ခာနှင့် မဟာဗျူဟာ အရန်ပစ္စည်းများဌာနက ကယ်ဆယ်ရေး ပစ္စည်းချောထုတ်ပေါင်း ၁ သိန်း ၇ သောင်းကျော်ကို အသုတ် ၆ သုတ်ဖြင့် ဟူပေ၊ ကျက်ကျန်း၊ ဟိုနန်၊ ကျန်းရှီးနှင့် ကွေ့ကျိုးစသည့် ပြည်နယ် ၅ ခုသို့ သယ်ယူပို့ဆောင် ပေးခဲ့ပြီဖြစ်ပြီး နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါခုခံထိန်းချုပ်ရေးအတွက် အားပေးထောက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။