张晓宁

“အမေရိကန်ကိုပဲ ဦးစားပေးခြင်း”ဟာ “အနောက်နိုင်ငံများ ချို့တဲ့စရာ” ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်တယ်။

(GMT+08:00)2020-02-17 15:11:25  

ဒီလ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ မြူးနစ် လုံခြုံရေး အစည်းအဝေးမှာ၊ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က တရုတ်နိုင်ငံဟာ ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းကုမ္ပဏီဖြစ်တဲ့ ဟွာဝေး ကုမ္ပဏီကတစ်ဆင့် ဒီဂျီတယ် သက်ဦးဆံပိုင် ပြုချင်တယ်လို့ ပြစ်တင် ပြောဆိုခဲ့တယ်။ အစည်းအဝေး စင်မြင့်အောက်မှာ ကြားနာနေတဲ့ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နိုင်ငံခြား ရေးရာကော်မတီ ဒုဥက္ကဋ္ဌ ဖုယင်က၊ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေး လုပ်ငန်း စတင် ဆောင်ရွက်ခဲ့တဲ့ နောက်ပိုင်း 1G၊ 2G၊ 3G၊ 4G စတဲ့ အနောက်နိုင်ငံမှ ဆက်သွယ်ရေး နည်းပညာကို တင်သွင်း အသုံးခဲ့တယ်၊ Microsoft၊ IBM၊ Amazon တို့လည်း တရုတ်ပြည်မှာ အလွန် တွင်ကျယ်နေတယ်၊ ဒါနဲ့ ဘာဖြစ်လို့ တရုတ် ဟွာဝေးရဲ့ 5G ကပဲ အနောက်နိုင်ငံများရဲ့ ဒီမိုကရေစီစနစ်ကို ထိခိုက်နိုင်မလဲ၊ ဆိုလိုတာက အနောက်နိုင်ငံများရဲ့ ဒီမိုကရေစီစနစ်ဟာ ဒီလောက်ထိတောင် အားနည်းတာလားလို့ မေးခွန်းထုတ်ချင်ခဲ့တယ်။

ဖုယင်ရဲ့ စကားကို နားထောင်ပြီးနောက် အစည်းအဝေး တက်ရောက်သူများက လက်ခုပ် သြဘာပေးကြတယ်။ Nancy Pelosi က၊ ဟွာဝေး ကုမ္ပဏီဟာ လွတ်လပ်တဲ့ ကုမ္ပဏီ အသွင်ပုံစံ မဟုတ်ဘူးလို့ ရှင်းပြခဲ့တယ်။

အားလုံး သိကြတဲ့ အတိုင်းပဲ အထင်သေးမှု ကင်းမဲ့ရေးမူဟာ လွတ်လပ်တဲ့ ကုမ္ပဏီ ဆိုတာ လိုက်နာရတဲ့ အရင်းခံမူ တစ်ရပ် ဖြစ်တယ်။ ဒါပေမယ့် Nancy Pelosi ကိုယ်စားပြုနေတဲ့ အမေရိကန် နိုင်ငံရေးသမားတို့ကတော့ အဲဒီမူကို ပြောင်ပြောင်တင်းတင်း ကျောခိုင်း ဖောက်ဖျက်လိုက်တယ်။ Nancy Pelosi ရဲ့ ထင်မြင်ချက်ကို ဗြိတိန်နဲ့ ဂျာမဏီ စတဲ့နိုင်ငံတွေက သဘောမတူပါဘူး၊ အဲဒီနိုင်ငံတွေက ဟွာဝေး အပါအဝင် နိုင်ငံခြားကုမ္ပဏီများအား တရားမျှတစွာ ယှဉ်ပြိုင်တဲ့ ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီး ပေးလိုတယ်လို့ ဖေါ်ပြခဲ့ကြပါတယ်။

ဒီအကြိမ် အစည်းအဝေးရဲ့ ဆောင်ပုဒ်ဟာ “အနောက်နိုင်ငံများ ချို့တဲ့စရာ” ဆိုတာ ဖြစ်ပါတယ်။ အဲဒီ ဆောင်ပုဒ် သတ်မှတ်တဲ့ အကြောင်းရင်းဟာ အမေရိကန်က ကိစ္စများစွာနဲ့ ပတ်သက်ပြီး “အမေရိကန်ကိုပဲ ဦးစားပေးခြင်း” အပေါ် မူတည်တာကြောင့်ပဲ ဖြစ်တယ်လို့ လူအများက ယူဆကြတယ်။

မကြာခင်က ဝါရှင်တန် ပို့စ် သတင်းစာမှာ၊ အမေရိကန် CIAက ထိန်းချုပ်တဲ့ Encryption စက်ကိရိယာ ထုတ်လုပ်ရေး Crypto AG ကုမ္ပဏီဟာ နှစ်၅၀ကျော် အတွင်း အမေရိကန် အပါအဝင် အနောက်နိုင်ငံ အနည်းစုမှ ထောက်လှမ်းရေးဌာနများအား နိုင်ငံအသီးသီးမှ လျှို့ဝှက်code ပါတဲ့ Encrypted e-mail များကို လွယ်လွယ်လေးနဲ့ code ဖြေပြီး ၀င်ရောက် ကြည့်ရှုနိုင်တဲ့ အစားထိုး codeကို ပေးခဲ့တယ်၊ Rubicon အမည်ဖြစ်တဲ့ အဲဒီ လျှို့ဝှက်အစီအစဉ်ဟာ ကမ္ဘာ့နိုင်ငံ ၁၂၀ ကျော်ကို ဖုံးလွှမ်းထားတယ်လို့ သတင်းပေါက်ကြားခဲ့တယ်။ အဲဒီလို တစ်ကမ္ဘာလုံးကို ခိုးပြီး ကြပ်မတ်တဲ့ လုပ်ရပ်ဟာ Nancy Pelosi ပြောတဲ့ လွတ်လပ်တဲ့ ကုမ္ပဏီ ဆိုတာနဲ့ ပြောင်းပြန်ကြီးပဲ ဖြစ်နေတယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။