张晓宁

၁၆ရက်နေ့ တရုတ်ပြည်မကြီးမှ NCPရောဂါဆိုင်ရာသတင်းထုတ်ပြန်ချက်များ

(GMT+08:00)2020-02-17 15:38:47  

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ နောက်ဆုံးရစာရင်းအရ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ၀ နာရီမှ ည ၁၂ နာရီအထိ တရုတ်ပြည်မကြီးတွင် အသစ်တိုးလာသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါဝေဒနာရှင် ဦးရေမှာ၂၀၄၈ဦးရှိပြီး သေဆုံးသူဦးရေ ၁၀၅ ဦးရှိကာ ရောဂါကူးစက်ခံရသည်ဟုသံသယရှိသူ ဦးရေ ၁၅၆၃ဦး ရှိကြောင်း သိရသည်ဟု China Media Groupကရေးသောဖော်ပြပါသည်။

၁၆ ရက်နေ့ ည ၁၂ နာရီအထိ တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါဝေဒနာရှင် စုစုပေါင်းဦးရေမှာ ၇၀၅၄၈ ဦးထိ ရှိပြီး ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူစုစုပေါင်းဦးရေမှာ ၇၂၆၄ ဦးရှိကာ ဆေးကုသမှုခံပြီး ဆေးရုံမှဆင်းသွားခဲ့သူ စုစုပေါင်းဦးရေမှာ ၁၀၈၄၄ ဦးရှိ၍ သေဆုံးသူဦးရေမှာ ၁၇၇၀ ဦးရှိကြောင်း၊ ယခု သက်ဆိုင်ရာမှ စောင့်ကြည့်အကဲခတ်မှုခံနေရသော ရောဂါရှိသူများနှင့် ရင်းနှီးစွာဆက်ဆံခဲ့သူ စုစုပေါင်းဦးရေမှာ ၁၅၀၅၃၉ ဦးရှိကြောင်းသိရသည်။