马宁

တရုတ်ပြည် ဒေသ အသီးသီးမှ ဆေးဝန်ထမ်း ၂ သောင်း ၅ထောင်ကျော် ဟူပေပြည်နယ်သို့ စေလွှတ်ခဲ့ပြီဖြစ်

(GMT+08:00)2020-02-16 12:47:38  

  တရုတ်နိုင်ငံတော်ကျန်းမာရေးကော်မရှင်ဒုဥက္ကဋ္ဌ ဝမ်ဟို့ရှင့်က ယမန်နေ့ ၁၅ ရက်နေ့ က တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ၁၄ရက်နေ့ ည ၁၂နာရီအထိ တရုတ်နိုင်ငံ ဒေသအသီးသီးမှ ဆေးဝန်ထမ်း ၂ သောင်း ၅ ထောင် ၆ ရာ ၃ ဆယ့် ၃ ဦးအား ဟူပေပြည်နယ်သို့ စေလွှတ်ခဲ့ ပြီဖြစ်ကြောင်း၊ ယင်းသည်၂၀၀၈ခုနှစ်တုန်းက တရုတ်ပြည် စိချွမ်းပြည်နယ်၌ဖြစ်ပွားခဲ့သည့် ဝင့်ချွမ်း ငလျင်ကြီးတွင် စေလွှတ်ခဲ့သော ကယ်ဆယ်ရေးအတိုင်းအတာထက် များစွာ ကြီးမားပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

  လက်ရှိအချိန်အထိ ဟူပေပြည်နယ်၌ ယာယီဆေးရုံ ၉ရုံကို တည်ဆောက်အသုံးပြုခဲ့ပြီ ဖြစ်၍ ယင်းယာယီဆေးရုံများတွင် ဆေးကုသမှု ခံယူနေသူဦးရေမှာ  ၅ ထောင်ကျော်ရှိပြီဖြစ်ကြောင်း ဒုဥက္ကဋ္ဌဝမ်ဟို့ရှင့်က ရှင်းလင်းပြောကြားခဲ့ပါသည်။