马宁

NCP ခုခံကာကွယ်ရေးကို ဆောင်ရွက်သည့် တရုတ် ဆေးကုသရေးဝန်ထမ်းများ အပေါ် နိုင်ငံ အသီးသီးမှ မီဒီယာများ အာရုံစိုက်ကြ

(GMT+08:00)2020-02-16 13:32:54  

  မကြာခင်က တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်ပြည်၌ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်နာ ကူးစက်ရောဂါ(NCP)ကူးစက်ခံရသည့် ဆေးကုသရေးဝန်ထမ်းဦးရေမှာ ၁၇၁၆ဦးရှိသည့် အနက် ၆ဦး သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။ ဗြိတိန် Guardianသတင်းစာ၊

  အမေရိကန် Washington Post သတင်းစာနှင့် ဂျာမနီ DPAသတင်းဌာန အပါအဝင် နိုင်ငံ အသီးသီးမှ အဓိက မီဒီယာများသည် ၄င်းသတင်း အပေါ် အလွန်အာရုံစိုက်ကြကြောင်း China Media Groupမှ သတင်းအရ သိရသည်။

  အမေရိကန် Minnesotaပြည်နယ် ကူးစက်ရောဂါ သုတေသနနှင့် မူဝါဒ စင်တာ ဒါရိုက်တာချုပ် Michael T. Osterholmက Washington Postသတင်းစာတွင် ဆောင်းပါးတစ်ပုဒ်ကို ရေးသားရာ မိမိတို့ အနေနှင့် ရောဂါဝေဒနာရှင်များ၏ ကြိုးပမ်းမှု အပေါ် လေးစားခြင်းနှင့် သေဆုံးသူများ အပေါ် လွမ်းဆွတ်သတိရခြင်းကို ဖော်ပြနိုင်သည့် အထိရောက်ဆုံး နည်းလမ်းမှာ နိုင်ငံ အသီးသီးမှ ဆေးကုသရေး ဝန်ထမ်းများကို ထိန်းသိမ်းကာကွယ်ရန်နှင့် ရင်ဆိုင်ရေး ဆောင်ရွက်ချက်များကို ချမှတ်ရန် ဖြစ်ကြောင်း ဖော်ပြသည်။