马宁

တရုတ်ပြည်၏ ရောဂါကူးစက်မှုအခြေအနေ ကာကွယ်ထိန်းချုပ်ရေးစည်းစနစ်ကို ပြီးပြည့်စုံ ရမည်ဟု ရှီကျင့်ဖိန် အလေးထားဖော်ပြ

(GMT+08:00)2020-02-16 12:46:26  

  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုလ၁၄ရက်နေ့က ဗဟိုကော်မတီ ပြုပြုင်ပြောင်းလဲမှုဘက်စုံနက်ရှိုင်းစေရေး ကော်မရှင် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ရာတွင် ယခုအကြိမ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ခုခံ တိုက်ခိုက်ရေးသည် တရုတ်ပြည်၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးစည်းစနစ်နှင့် ဆောင်ရွက်နိုင်စွမ်းအပေါ် စမ်းသပ်မှုကြီးတစ်ရပ်ဖြစ်ကြောင်း၊ ယင်းအခြေအနေမှ ပေါ်ပေါက်လာသော မပြည့်စုံခြင်းများကို ရည်ရွယ်ပြီး အရေးပေါ် ရောဂါကူးစက်မှု အခြေအနေ ကာကွယ်ထိန်းချုပ်ရေး စည်းစနစ်ကို ပြီးပြည့်စုံစေရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေစီမံခန့်ခွဲရေးစနစ်ကို စနစ်​တ​ကျ​ရှိ​စေ​ရမည်ဖြစ်ကြောင်း၊ ရုတ်တရက်ဖြစ်ပွားသည့် အများပြည်သူကျန်းမာရေး အခြေအနေ ရင်ဆိုင်ဖြေရှင်းရေးစွမ်းရည်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ သည်ဟု China Media Group မှ သတင်းအရသိရသည်။