马宁

ဟူပေမှလွဲ၍ တရုတ်ပြည်တွင် အသစ်တိုးလာသည့် NCPကူးစက်ခံရသူ ဦးရေ ၁၂ရက် ဆက်တိုက် ကျဆင်း

(GMT+08:00)2020-02-16 13:14:01  

  ယခုလ ၁၅ရက်နေ့ ၀နာရီမှ ၂၄နာရီအထိ ဟူပေပြည်နယ် မှလွဲ၍ တရုတ်ပြည်မကြီးတွင် နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ဝေဒနာရှင် ၁၆၆ဦး အသစ်တိုးလာပြီး ကူးစက်ခံရသူ ဦးရေ ၁၂ရက် ဆက်တိုက် ကျဆင်းသွားကြောင်း တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်မှ ထုတ်ပြန်သော စာရင်းအရ သိရသည်။

  ယခုလ ၁၅ရက်နေ့ ၂၄နာရီအထိ တရုတ်ပြည်မကြီးတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ဝေဒနာရှင် စုစုပေါင်း ဦးရေမှာ ၆၈၅၀၀ဦးထိရှိပြီး ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူ စုစုပေါင်း ဦးရေမှာ ၈၂၂၈ဦးရှိကာ ဆေးကုသမှုခံပြီး ဆေးရုံမှ ဆင်းသွားခဲ့သူ စုစုပေါင်း ဦးရေမှာ ၉၄၁၉ဦးရှိ၍ သေဆုံးသည့် ဝေဒနာရှင် စုစုပေါင်း ဦးရေမှာ ၁၆၆၅ဦးရှိကြောင်း၊ ယခု ရောဂါရှိသူများနှင့် ရင်းနှီးစွာ ဆက်ဆံခဲ့သူ စုစုပေါင်း ဦးရေမှာ ၅၂၉၄၁၈ ဦးရှိပြီး သက်ဆိုင်ရာ အကဲခတ်မှုခံနေသော ရင်းနှီးစွာ ဆက်ဆံခဲ့သူ စုစုပေါင်း ဦးရေမှာ ၁၅၈၇၆၄ဦး ရှိကြောင်း သိရသည်။

  ထို့အပြင် တရုတ်ပြည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၊ မကာအို အထူးအုပ်ချုပ်ရေး ဒေသနှင့် ထိုင်ဝမ်ဒေသတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ဝေဒနာရှင် ၅၆ဦး၊ ၁၀ဦးနှင့် ၁၈ဦး အသီးသီးရှိကြောင်း သိရသည်။