马宁

NCPခုခံကာကွယ်ရေးအတွက် တရုတ်ပြည်သည် အလွန်ကြီးမားသည့် ကြိုးပမ်း ဆောင်ရွက်မှုကို ပြုလုပ်ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ်ဆို

(GMT+08:00)2020-02-16 13:14:59  

  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ် Tedrosက ယခုလ ၁၅ရက်နေ့က ကျင်းပသည့် ဂျာမနီ မြူးနစ် လုံခြုံရေး အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ(NCP) ခုခံကာကွယ်ရေးတွင် တရုတ်ပြည်၏ အားထုတ် ကြိုးပမ်းမှုများကို ချီးကျူးကြောင်း၊ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးခြင်းတွင် တရုတ်ပြည်သည် အလွန်ကြီးမားသည့် ကြိုးပမ်းမှုကို ပြုလုပ်ပြီး ဆုံးရှုံးနစ်နာမှုများစွာ ခံရ၍ နိုင်ငံတကာ မိသားစုကြီး၏ ချီးကျူးခြင်း ခံသင့်ကြောင်း ပြောကြားသည်။

  ထို့အပြင် ၄င်းက ရောဂါ အခြေအနေကို ရင်ဆိုင်ရေး အတွက် နိုင်ငံတကာ မိသားစုကြီး အနေနှင့် အတူအားထုတ်ကြိုးပမ်း၍ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မီဒီယာများသည် မမှန်သတင်းများ ဖြန့်ဝေမှုကို တားဆီးရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။