马宁

တရုတ်ပြည်၏ NCPအခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ခြင်းသည် ပွင့်လင်းမှုရှိ

(GMT+08:00)2020-02-16 12:59:05  

图片默认标题_fororder_锐评

  ဇန်နဝါရီလ ၂၂ရက်နေ့မှစ၍ တရုတ် ဗဟို အစိုးရသည် နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ(NCP)ခုခံကာကွယ်ရေး ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ အကြိမ် ၂၅ကြိမ်ကို ကျင်းပခဲ့ပြီဖြစ်ကြောင်း၊ ဟူပေပြည်နယ် အပါအဝင် ဒေသ အသီးသီးမှ အစိုးရများသည် သတင်းစာ ရှင်းလင်းပွဲများကိုလည်း အချိန်မီ ကျင်းပပြီး သက်ဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ပြန်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

  ပွင့်လင်းမှုရှိခြင်းမူကို အခြေခံပြီး တရုတ်ပြည်သည် သတင်းအချက်အလက်များ ထုတ်ပြန်ခြင်းဖြင့် ပြည်သူများ၏ ယုံကြည်မှုကို တိုးပွားစေခဲ့ကြောင်း၊ ရောဂါ အခြေအနေဆိုင်ရာ သတင်းအချက်အလက်များကို ပိုမိုကောင်းမွန်စွာ သိရှိနားလည်ပြီး ပြည်သူများသည် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကာကွယ်မှုကို ကောင်းမွန်စွာ ပြုလုပ်နိုင်ကြောင်း၊ သတင်းအချက်အလက်များ ပွင့်လင်းစွာ ထုတ်ပြန်ခြင်းသည် သတင်းအတုနှင့် မမှန်သတင်းများကို အချိန်မီ ပပျောက်စေနိုင်ပြီး ရောဂါ ခုခံကာကွယ်ရေး ဆိုင်ရာ အတားအဆီးများကို ကင်းရှင်းစေနိုင်ကြောင်းလည်း China Media Groupက ဖော်ပြသည်။

  ပွင့်လင်းမှုရှိခြင်းမူကို အခြေခံပြီး တရုတ်ပြည်သည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ သက်ဆိုင်ရာနိုင်ငံများ၊ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်ဒေသကို ရောဂါ အခြေအနေ ဆိုင်ရာ သတင်းအချက်အလက်များကို အချိန်မီ အကြောင်းကြားပြီး နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ၏မျိုးရိုးဗီဇဆိုင်ရာ သတင်းအချက်အလက်ကိုလည်း အချိန်မီ မျှဝေခံစားကြကာ NCPကို အခြား နိုင်ငံများသို့ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ တားဆီးနိုင်ခဲ့ကြောင်း China Media Groupက ဖော်ပြသည်။

  ယခုလ ၁၁ရက်နေ့က တရုတ်ပြည် တစ်ပြည်လုံးတွင် အသစ်တိုးလာသည့် NCP ကူးစက်ခံရသူ ဦးရေမှာ ၂၀၁၅ ဦး ရှိကြောင်း၊ ၁၂ရက်နေ့က အသစ်တိုးလာသည့် NCPကူးစက်ခံရသူ ဦးရေမှာ ၁၅၁၅၂ ဦးအထိ တိုးလာခဲ့ကြောင်း၊ ကူးစက်ခံရသူ ဦးရေ များစွာ တိုးလာသည့် အကြောင်းရင်းမှာ ရောဂါ ခုခံကာကွယ်ရေး အခြေအနေ ပြောင်းလဲလာခြင်းကြောင့် မဟုတ်ဘဲ ရောဂါ စမ်းသပ်ဆုံးဖြတ်ခြင်း ဆိုင်ရာ စံချိန်စံညွှန်း ထိန်းညှိခြင်းကြောင့် ဖြစ်ကြောင်း၊ NCPသည် ရောဂါသစ် တစ်မျိုးဖြစ်၍ ၄င်းရောဂါ အပေါ် သိရှိနားလည်မှုသည် အဆက်မပြတ် နက်ရှိုင်းလာသည့် ဖြစ်စဉ် တစ်ခု ဖြစ်ပြီး ရောဂါ စမ်းသပ်ဆုံးဖြတ်ခြင်းနှင့် ကုသမှုဆိုင်ရာ အတွေ့အကြုံများကို အဆက်မပြတ် ရရှိရန် လိုအပ်ကြောင်းလည်း China Media Groupက ဖော်ပြသည်။

  သို့သော် အမေရိကန် အိမ်ဖြူတော် အမျိုးသား စီးပွားရေး ကော်မရှင် ဥက္ကဋ္ဌ ကူဒရိုက ယင်းနှင့်ပတ်သက်၍ တရုတ်ပြည်၏ NCPခုခံကာကွယ်ရေး ဆိုင်ရာ သတင်းထုတ်ပြန်ခြင်း တွင် ပွင့်လင်းမှု မရှိဟု ပြစ်တင်ရှုတ်ချကြောင်း၊ အကယ်၍ NCPခုခံကာကွယ်ရေး အတွက် သော့ချက်အကျဆုံးသော အချိန်ကာလတွင် တရုတ်ပြည်မှ ရောဂါ စမ်းသပ်ဆုံးဖြတ်ခြင်း ဆိုင်ရာ စံချိန်စံညွှန်း ထိန်းညှိပြီး အချိန်မီ ထုတ်ပြန်ခြင်းသည် သတင်းထုတ်ပြန်ခြင်း ဆိုင်ရာ ပွင့်လင်းမှုရှိခြင်းနှင့် အများပြည်သူ၏ ကျန်းမာရေး အပေါ် မြင့်မားစွာ တာဝန်ယူတတ်သော သဘောထားရှိခြင်းကို ပြဆိုနေကြောင်း China Media Groupက ဖော်ပြသည်။