马宁

မိမိတို့သည် NCPရောဂါ ခုခံကာကွယ်ရေး အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် နေသည်ဟု အမေရိကန်ဆိုင်ရာ တရုတ် သံအမတ်ကြီးဆို

(GMT+08:00)2020-02-16 13:12:29  

图片默认标题_fororder_崔天凯1

  ယခုလ ၁၃ရက်နေ့က အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဆွေးထျန်းခိုင်က နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ(NCP)အခြေအနေနှင့် ပတ်သက်၍ အမေရိကန် ပြည်လုံးဆိုင်ရာ အများပြည်သူ့ အသံလွှင့်ဌာန(NPR) Morning Edition အစီအစဉ်မှာ သတင်းထောက် Steve Inskeep၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြား ရာတွင် နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ အခြေအနေသည် တရုတ်ပြည်အတွက်ရော၊ နိုင်ငံတကာမိသားစုကြီးနှင့် နိုင်ငံအသီးသီးမှ အစိုးရများ အတွက်ပါ ကြီးမားသည့် စိန်ခေါ်မှုဖြစ်ကြောင်း၊ ၄င်းစိန်ခေါ်မှုကို ရင်ဆိုင်ရေးအတွက် တရုတ်ပြည်အနေနှင့် မဖြစ်စဖူး အားကောင်းသော ဆောင်ရွက်ချက်များကို ပြုလုပ်ပြီး ရောဂါ ခုခံကာကွယ်ရေးနှင့် ကူးစက်ခံရသူများကို ကုသရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ပြောကြားသည်။

图片默认标题_fororder_崔天凯2

  ထို့အပြင် ၄င်းက သက်ဆိုင်ရာ အစိုးရအရာရှိများ ရာထူးခန့်အပ်ခြင်း အပါအဝင် မိမိတို့ လုပ်ဆောင်တာမှန်သမျှသည် ပြည်သူများ၏ ဟစ်သံနှင့်ဆန္ဒအပေါ် ကောင်းမွန်စွာ တုံ့ပြန်ရန်နှင့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားကြောင်း၊ ယင်းသည် လက်ရှိအချိန်တွင် မိမိတို့ လုပ်ဆောင်တာမှန်သမျှ၏ တစ်ခုတည်းသော ရည်ရွယ်ချက် ဖြစ်ကြောင်း၊ လက်ရှိ ထူးခြားသည့် အခြေအနေမျိုးတွင် လုပ်ရည်ကိုင်ရည်နှင့် ပြည့်စုံသူများအား ပိုမိုများပြားပြီး ကြီးလေးသည့် လုပ်ငန်းတာဝန်များကို ပေးအပ်ခြင်းသည် သဘာဝကျ ကြောင်း ပြောကြားသည်။