马宁

တရုတ်တိုင်းရင်းဆေးကုသနည်းကို အဓိက အသုံးပြုသော ပထမဦးဆုံး “ယာယီဆေးကုသခန်း”စတင်လည်ပတ်

(GMT+08:00)2020-02-16 12:54:04  

图片默认标题_fororder_方舱

  တရုတ်တိုင်းရင်းဆေးကုသနည်းဖြင့် အဓိက ဆေးကုသမှုပေးသော ပထမဦးဆုံး တရုတ်”ယာယီဆေးကုသခန်း”ဖြစ်သည့် ဝူဟန့်မြို့ ကျန်းရှရပ်ကွက်ရှိ တာ့ဟွာစန်း ” ယာယီဆေးကုသခန်း”ကို ဖေဖေါ်ဝါရီလ ၁၄ရက်နေ့က စတင် လည်ပတ်ခဲ့ကြောင်း China Media Group မှ သတင်းအရသိရပါသည်။

  ယင်း”ယာယီဆေးကုသခန်း”သည် ဝူဟန့်မြို့ ကျန်းရှရပ်ကွက်ရှိ တာ့ဟွာစန်း အားကစားစင်တာကို မွမ်းမံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ဆေးကုသသည့် ခုတင်နေရာ ၄၀၀ခန့် ရှိကြောင်း၊ တရုတ်တိုင်းရင်းဆေးနှင့် အနောက်တိုင်း ဆေးပေါင်းစပ်ပြီး တရုတ်တိုင်းရင်းဆေးကုသနည်းကို  အဓိက အသုံးပြုကာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါလူနာများကို ဆေးကုသပေးမည်ဖြစ်ကြောင်း၊ သတင်းရရှိပါသည်။