马宁

တရုတ်ပြည်၏ NCPရောဂါ ခုခံကာကွယ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ရှိ တရုတ်အနွယ်ဖွားများအသင်းက ထောက်ပံ့အားပေး

(GMT+08:00)2020-02-16 12:52:11  

图片默认标题_fororder_孟加拉

  တရုတ်ပြည်၏ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ခုခံကာကွယ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ရှိ တရုတ်အနွယ်ဖွားများအသင်းမှ ထောက်ပံ့ကူညီသော လှူဒါန်းငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၁၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ကျင်းပခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

  ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးလီကျီမင်းက တရုတ်အစိုးရကိုယ်စား ၄င်းတို့၏ ဆေးဝါးကုသရေးပစ္စည်းများနှင့် အလှူငွေများကိုလက်ခံပြီး တရုတ်ပြည်၏ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ခုခံကာကွယ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ရှိ တရုတ်အနွယ်ဖွားများအသင်း၏ ထောက်ပံ့အားပေးမှုများကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်ဟု သတင်းရရှိပါသည်။