张晓宁

အသက် ၇၈ နှစ်အရွယ်ရှိNCPရောဂါကူးစက်ခံရသူတစ်ဦး ရောဂါသက်သာပြီးဆေးရုံမှ ဆင်းလာ

(GMT+08:00)2020-02-15 13:38:47  

ယခု အသက် ၇၈ နှစ်အရွယ်ရှိ ဝူဟန့်မြို့သား မစ္စတာLuသည်၊ ပြီးခဲ့သည့် ဇန်နဝါရီလ လဦးပိုင်းက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကူးစက်ခံရသဖြင့် သီးသန့် ဆေးကုခန်းတွင် နေခဲ့သည်။ ဇန်နဝါရီလ ၂၉ ရက်နေ့က စမ်းသပ် စစ်ဆေးကုသမှုများ ခံယူပြီးဆုံးပြီး မစ္စတာ Lu သည် ဆေးရုံမှ ဆင်းလာခဲ့သည်။

ဆေးရုံမှ ဆင်းလာသည့် မစ္စတာ Lu က လူနာမိတ်ဆွေများအား ခင်ဗျားတို့အနေနှင့် အစိုးရကို ယုံကြည်သင့်ကြောင်း၊ ဆေးဝန်ထမ်းများက ကျွန်တော်တို့ကို အစွမ်းကုန် ကုသပေးနိုင်မည်ဟု ယုံကြည်သင့်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါခုခံတိုက်ဖျက်ရေးစစ်ပွဲတွင် သိပ္ပံနည်းကျသော ဆေးဝါးကုသမှု၊ ရောဂါသည်၏ ဇွဲသတ္တိနှင့် မိသားစု၏ အလေးထားဂရုစိုက်မှုများမှာ အရေးကြီးသောလက်နက်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

图片默认标题_fororder_78岁确诊患者治愈出院