辛甜

တရုတ် ကူးစက်ရောဂါ ခုခံတိုက်ဖျက်ရာ၌ ဂဏန်းများ

(GMT+08:00)2020-02-14 13:38:27  

   ယခု တရုတ်ပြည်သူတစ်ရပ်လုံးသည် နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါကို တက်ညီလက်ညီ ခုခံ တိုက်ဖျက်နေပါသည်။

လူဦးရေ ကုဋေနှင့်ချီသော ဝူဟန့်မြို့သည် မြို့ပိတ်ခြင်း နည်းလမ်းဖြင့် တစ်ကမ္ဘာလုံး အပေါ် တာဝန်ယူ လုပ်ဆောင်ပေးနေပါသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီမှ စ၍ ဝူဟန့်မြို့သည် ကူးစက်ရောဂါ ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်ရန်အတွက် မြို့၏ ထွက်ပေါက်အားလုံးကို ပိတ်ထားခဲ့ပါသည်။ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့အထိ ၂၃ ရက်ကြာတိုင်တိုင် မြို့ပိတ် ခဲ့ပြီဟု သိရပါသည်။

နိုင်ငံတော် ကျန်းမာရေး ကော်မရှင်မှ စာရင်းအရ၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ည ၁၂ နာရီအထိ၊ တရုတ်ပြည်မကြီးတွင် ရောဂါ ကူးစက်ခံရသူ ၅၂၅၂၆ ဦးအနက် ၄၃၄၅၅ ဦးသည် ဟူပေ ပြည်နယ်၌ ရှိပြီး ယင်း ၄၃၄၅၅ ဦး အနက် ၃၀၀၄၃ ဦးသည် ဝူဟန့်မြို့၌ ရှိသည်ဟု သိရပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ်က၊ ဝူဟန့် မြို့ပိတ် ဆောင်ရွက်မှုသည် နိုင်ငံတကာ၌ ရောဂါ ကူးစက်ပျံ့နှံ့မှုကို အနည်းဆုံး ဖြစ်သွားစေသည်ဟု ပြောဆိုခဲ့သည်။

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့အထိ ဝူဟန့်မြို့တွင် ယာယီ ဆေးရုံ ၇ ရုံကို တည်ဆောက် အသုံးပြုခဲ့ပါပြီ။ တည်ဆောက်မှု အမြန်ဆုံး ဖြစ်သည့် ဆေးရုံ ဆိုလျှင် ၁၀ နာရီဖြင့်သာ ဆောက်လုပ်ပြီးစီး၍ ရောဂါသည်များကို လက်ခံ ကုသပေးနိုင်ခဲ့သည်ဟု သိရပါသည်။

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့အထိ၊ တရုတ်ပြည်မကြီးတွင် ဆေးဝန်ထမ်း ၂ သောင်းကျော်ကို စုစည်းပြီး ဆေးဝါးကုသရေးအဖွဲ့ ၁၈၀ ကို ဖွဲ့စည်း၍ ဝူဟန့်မြို့သို့ စေလွှတ် ထောက်ပံ့ကူညီ ပေးခဲ့ပါသည်။

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ အထိ စာရင်းအရ၊ ကူးစက်ရောဂါ ဖြစ်ပွါးခဲ့သည့် နောက်ပိုင်း မြို့ပြနှင့်ကျေးလက်နေ လူနေရပ်ကွက်များကို ဝန်ထမ်း ၄ သန်းကျော်တို့သည် ကိုယ်ပူချိန် တိုင်းတာပေးခြင်း၊ စားကုန်သုံးကုန်များကို ကိုယ်စား ဝယ်ယူပေးခြင်း စသည့် ဝန်ဆောင်မှုများဖြင့် လူနေရပ်ကွက် ၆ သိန်း ၅ သောင်းကျော်မှ ပြည်သူများ၏ ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ပေးနေပါသည်။

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့အထိ ကူးစက်ရောဂါ ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ရာ၌ လူ ၇၀ ထက်မနည်း အသက်ပေးလှူခဲ့ပြီး ၄င်းတို့အနက် ရဲများ၊ ဆေးဝန်ထမ်း နှင့် အခြေခံအစိုးရဌာန ဝန်ထမ်းများ ပါဝင်သည်ဟု သိရပါသည်။