辛甜

Diamond Princess သင်္ဘောတွင် NCPရောဂါ ကူးစက်ခံရသူ၂၁၈ဦးအထိ တိုးလာ

(GMT+08:00)2020-02-14 13:33:53  

ဂျပန်နိုင်ငံYokohamaဆိပ်ကမ်းတွင် ဆိုက်ကပ်နေသည့် Diamond Princess သင်္ဘောပေါ်ရှိခရီးသည်များအတွင်းNCP ရောဂါကူးစက်ခံရသူ ၄၄ ဦးတိုးလာပြီး၊ လက်ရှိအချိန်အထိ သင်္ဘောပေါ်မှ ခရီးသည်နှင့် သင်္ဘောသား ၂၁၈ ဦးတို့ NCP ရောဂါ ကူးစက်ခံခဲ့ရသည်ဟု ဂျပန်နိုင်ငံကျန်းမာရေးနှင့် လူမှုအာမခံရေးဝန်ကြီးဌာနက အတည်ပြု ခဲ့ကြောင်း ဂျပန်NHK မှ ယခုလ ၁၃ ရက်နေ့က ဖော်ပြခဲ့သည်။

Diamond Princess သင်္ဘောတွင် နိုင်ငံနှင့်ဒေသ ၅၆ခုမှ  ခရီးသည်၂၆၆၆ဦးနှင့် သင်္ဘောသား ၁၀၄၅ဦး ရှိကြောင်း၊ ၄င်းသင်္ဘောပေါ်မှအသက်၈၀အရွယ်ရှိ တရုတ်ပြည် ဟောင်ကောင်မှခရီးသည်တစ်ဦး ဟောင်ကောင်တွင် ဆင်းသွားပြီးနောက် NCPရောဂါကူးစက်ခံရသည်ဟု အတည်ပြု ခံခဲ့ရသည်။ ယခုလ ၃ရက်နေ့က Diamond Princess သင်္ဘောသည် Yokohama ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပြီးနောက် ဂျပန်အစိုးရသည် ဝန်ထမ်း၁၀၀ ခန့် ပါဝင်သည့် ကူးစက်ရောဂါ စစ်ဆေးရေးအဖွဲ့ကို သင်္ဘောပေါ်သို့ စေလွှတ်ပြီး တိုင်းတာစစ်ဆေးမှုများ ပြုလုပ်ကာ ခရီးသည်နှင့် သင်္ဘောသား ၃၇၀၀ အား သင်္ဘောပေါ်တွင် ယခုလ၁၉ရက်နေ့အထိ သီးခြား နေရမည်ဟု သတ်မှတ်ထားကြောင်း သတင်းအရသိရသည်။