辛甜

နိုင်ငံအသီးသီးမှပြည်သူများက တရုတ်နိုင်ငံ ကူးစက်ရောဂါ တိုက်ဖျက်မှုကို ထောက်ခံအားပေးခြင်းအပေါ် Like ပေးသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2020-02-14 13:36:08  

နိုင်ငံအသီးသီးမှပြည်သူများ အထူးသဖြင့် လူငယ်များက တရုတ်နိုင်ငံ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ ခုခံတိုက်ဖျက်မှုကို ထောက်ခံ အားပေးခြင်းအပေါ် တရုတ်နိုင်ငံက Like ပေးလိုပါကြောင်း၊ ကမ္ဘာ့ပြည်သူများ၏ နားလည် ထောက်ခံမှုဖြင့် တရုတ်ပြည်သူများသည် ကူးစက်ရောဂါကို အောင်မြင်စွာ တိုက်ဖျက်နိုင်မှာ မုချဧကန် ဖြစ်ပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က ၁၃ရက်နေ့က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။