辛甜

ရှီကျင့်ဖိန်သည် မလေးရှား ဝန်ကြီးချုပ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2020-02-14 13:39:20  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၃ ရက်နေ့ညက ဖိတ်ကြားချက် အရ မလေးရှား ဝန်ကြီးချုပ် မဟာသီရ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် မလေးရှားတို့သည် ကူးစက်ရောဂါ စိန်ခေါ်မှုကို လက်တွဲ ရင်ဆိုင် ဖြေရှင်းသည့် တစ်ချိန်တည်းတွင် နှစ်နိုင်ငံ ဆက်ဆံမှု အထူးသဖြင့် Belt and Road အတူ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု ဆက်တိုက် နက်ရှိုင်းလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်ရေး အောင်ကျိုး ရလဒ်များကို ဖန်တီးပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအား သုခချမ်းသာမှုများကို ဆောင်ကြဉ်းပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

မဟာသီရ်က မလေးရှားသည် တရုတ်ပြည်၏ ကူးစက်ရောဂါ ခုခံ တိုက်ဖျက်ရန် အတွက် ကြီးမားသော ကြိုးပမ်းအားထုတ်မှုနှင့် ရရှိသည့် အပြုသဘောဆောင်သော တိုးတက်မှုကို ချီးကျူးပါကြောင်း၊ ယင်းသည် တာဝန်ကျေပွန်စွာ ထမ်းဆောင်သော နိုင်ငံကြီးအဖြစ် တရုတ်နိုင်ငံက နိုင်ငံတကာ အများပြည်သူ လုံခြုံမှု ထိန်းသိမ်းကာကွယ်ရန် အတွက် အကျိုးပြု စွမ်းဆောင်မှု ဖြစ်သည်ဟု မိမိတို့ ယူဆပါကြောင်း ပြောကြားပါသည်။