辛甜

ကူးစက်ရောဂါ ဖြစ်ပွါးချိန်တွင် တရုတ်နိုင်ငံသည် စီးပွါးရေး ရှင်သန်မှု ပြန်လည် ပုံမှန် ဖြစ်စေရန် ကြိုးပမ်းနေသည်ဟု ရုရှား မီဒီယာ ဖေါ်ပြ

(GMT+08:00)2020-02-14 13:20:54  

图片默认标题_fororder_e

ယခုလ ၁၂ ရက်နေ့က ရုရှား သတင်းဌာနသည် “ကူးစက်ရောဂါ ဖြစ်ပွါးချိန်တွင် တရုတ်နိုင်ငံသည် စီးပွါးရေး ရှင်သန်မှု ပြန်လည် ပုံမှန် ဖြစ်စေရန် ကြိုးပမ်းနေသည်” ဟူသော ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ယင်းဆောင်းပါးတွင် တရုတ်အစိုးရသည် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းကို အားဖြည့် ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင် လုပ်ငန်းကုမ္ပဏီများ ကုန်ထုတ်လုပ်မှု ပြန်လည် ပုံမှန် ဖြစ်စေရေးကိုလည်း တွန်းအားပေးနေကာ စီးပွါးရေး လှုပ်ရှားမှုများသည် တဖြည်းဖြည်း ပြန်လည် ပုံမှန် ဖြစ်လာနေကြောင်း၊ ယင်းသည် တရုတ်ပြည်၏ အားကောင်းသော စည်းရုံးလှုံ့ဆော်မှုစွမ်းအားနှင့် ကူးစက်ရောဂါကို တိုက်ဖျက်ရန် ယုံကြည်စိတ်ကို နောက်ထပ်တစ်ကြိမ် သက်သေထူပြနေကြောင်း၊ တရုတ်ပြည် စီးပွါးရေး အခြေခံနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် အရှိန်ကောင်းသည် ယခုအကြိမ် ကူးစက်ရောဂါကြောင့် ပြောင်းလဲမည် မဟုတ်ကြောင်း ရေးသား ဖေါ်ပြ ထားပါသည်။