辛甜

တရုတ်ပြည် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းကို တူရကီ မီဒီယာများ ချီးကျူးအားပေး

(GMT+08:00)2020-02-14 13:27:40  

图片默认标题_fororder_tu

တရုတ်ပြည်၏ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းကို နိုင်ငံတကာ မိသားစုကြီးက အာရုံ စူးစိုက်နေပါသည်။ တူရကီ မီဒီယာများသည် တရုတ်ပြည်၏ ကူးစက်ရောဂါ ပျံ့နှံ့မှု တားမြစ်ရေးနှင့် တစ်ပြည်လုံး အင်အားများ စုစည်းပြီး ခုခံတိုက်ဖျက်ရေး လုပ်ငန်း ဆောင်ရွက်နေခြင်းကို ချီးကျူး အားပေးခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ကာဘ်လန်သည် တူရကီ နိုင်ငံတော် အသံလွှင့် ရုပ်မြင်သံကြားဌာန ကူဒ်ဘာသာ ချန်နယ်မှ သတင်းထောက် တစ်ဦး ဖြစ်ပါသည်။ ယခုလ ၁၂ ရက်နေ့က တူရကီနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး၏ ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ရှင်းလင်းပြောကြားပွဲသို့ တက်ရောက်ပြီးနောက် ကာဘ်လန်သည် တရုတ်နိုင်ငံက ၁၀ ရက်အတွင်း ဆေးရုံ တစ်ရုံကို ပြီးစီးအောင် ဆောက်လုပ်နိုင်ခဲ့ခြင်းအပေါ် အံ့သြမိသည်ဟု ဖေါ်ပြပြီး တရုတ် အစိုးရ၏ ကူးစက်ရောဂါ ခုခံတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်မှုများကိုလည်း ချီးကျူးခဲ့ပါသည်။ ကာဘ်လန်က တရုတ်အစိုးရနှင့် ပြည်သူများ၏ လက်တွဲကြိုးပမ်းမှုနှင့် ကမ္ဘာ့ နိုင်ငံ အသီးသီးတို့၏ ကူညီမှုဖြင့် တရုတ်နိုင်ငံသည် မကြာမီတွင် ကူးစက်ရောဂါကို အောင်မြင်စွာ တိုက်ဖျက်နိုင်မည်ဟု ယုံကြည်ကြောင်း ဖေါ်ပြပါသည်။