辛甜

တရုတ်ပြည် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးသည် တုံ့ပြန်ဆောင်ရွက်မှုလျင်မြန်ပြီး ပွင့်ပွင့်လင်းလင်း ရှိသည်ဟု ကင်ညာရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ် ဆို

(GMT+08:00)2020-02-14 13:22:40  

    မကြာမီက ကင်ညာနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ် ရူဒီ အယ်ဂါစ်က China Media Groupမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင်၊ တရုတ်ပြည်၏ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဆိုင်ရာ ဆောင်ရွက်မှု သည် လျင်မြန်ပြီး ပွင့်ပွင့်လင်းလင်း ရှိကြောင်း၊ တစ်ကမ္ဘာလုံးနှင့် တရုတ်ပြည်၌ အသစ် တိုးလာသည့် ရောဂါ ကူးစက်ခံရသူ ဦးရေကို ကြည့်ခြင်းအားဖြင့် ရောဂါ ကူးစက်မှု အခြေအနေသည် တည်ငြိမ်လာပြီ ဖြစ်ကြောင်း၊ နိုင်ငံတကာ မိသားစုကြီးအနေနှင့် တရုတ်ပြည်အား အထီးကျန်ဖြစ်စေရန် မလုပ်သင့်ဘဲ သွေးစည်းညီညွတ်ပြီး တကယ်စင်စစ် တရုတ်ပြည်အား အားပေးထောက်ခံသင့်ကြောင်း ပြောကြားခဲ့ပါသည်။