辛甜

ဥရောပနှင့် လက်တင်အမေရိကနိုင်ငံများမှ အကြီးအကဲများနှင့် ချစ်ကြည်ရေးပုဂ္ဂိုလ်များက တရုတ်ပြည် ကူးစက်ရောဂါ တိုက်ဖျက်ရေးကို ထောက်ခံအားပေး

(GMT+08:00)2020-02-14 13:37:10  

ယခုရက်များတွင် China Media Groupသည် ဥရောပနှင့် လက်တင်အမေရိက နိုင်ငံနှင့် ဒေသများမှ နိုင်ငံရေးနှင့် စီးပွားရေးလောကမှ ချစ်ကြည်ရေးပုဂ္ဂိုလ်များနှင့် အင်တာဗျူး ပြုလုပ်ရာ၌၊ အဆိုပါ ပုဂ္ဂိုလ်များက ရုတ်တရက်ဖြစ်ပွားနေသော နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါကို ရင်ဆိုင်လျက် တရုတ်နိုင်ငံသည် အလွန်တော်သည့် တုံ့ပြန်ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ ကူးစက်ရောဂါ ခုခံတိုက်ဖျက်ရာတွင် တရုတ်နိုင်ငံ၏ ကြီးမားသော ကြိုးပမ်းအားထုတ်မှုကို ချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံသည် ကူးစက်ရောဂါကို အောင်မြင်စွာ တိုက်ဖျကိနိုင်မည်ဟု ပြတ်ပြတ်သားသား ယုံကြည်ပါကြောင်း အသီးသီးဖော်ပြကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။