辛甜

လန်ဒန် ငွေရေးကြေးရေးမြို့ မြို့တော်ဝန်နှင့် လန်ဒန် သံစုံတေးဂီတအဖွဲ့သည် တရုတ်ပြည်၏ ကူးစက်ရောဂါ တိုက်ဖျက်ရေးကို အားပေး

(GMT+08:00)2020-02-12 13:44:34  

图片默认标题_fororder_伦敦

နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ ဖြစ်ပွါးနေခြင်းကို ရင်ဆိုင်လျက် လန်ဒန် ငွေရေးကြေးရေးမြို့ မြို့တော်ဝန် လောဝေ၊ လန်ဒန် ငွေရေးကြေးရေးမြို့ မူဝါဒနှင် အရင်းအမြစ် ကော်မတီ ဥက္ကဋ္ဌ မွန်ဂိုလင်၊ လန်ဒန် သံစုံတေးဂီတအဖွဲ့ ဒါရိုက်တာအဖွဲ့ အမှုဆောင် ဒါရိုက်တာ မိုက်ဒေါတို့သည် ဗီဒီယိုမြင်ကွင်းကို အသီးသီး ရိုက်ကူးပြီး ဝူဟန့်မြို့ အတွက် အားပေး၊ တရုတ်ပြည် အတွက် အားပေးနေကြပါသည်။

လောဝေက နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါကို တက်ကြွစွာ ခုခံ တိုက်ဖျက် နေသော တရုတ်ပြည်သူများ အထူးသဖြင့် ဝူဟန့်မြို့နှင့် ဟူပေ ပြည်နယ်မှ ပြည်သူများအား အားပေးထောက်ခံပါကြောင်း၊ ရောဂါကူးစက်ခြင်းသည် စိုးရိမ်ဖွယ်ရာ ဖြစ်သော်လည်း တရုတ်နိုင်ငံသည် အောင်မြင်နိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

မွန်ဂိုလင်က ယခုလို ထူးခြားသည့် အချိန်ကာလတွင် ကူးစက်ရောဂါကို တိုက်ဖျက်နေသော တရုတ်ပြည်သူများအတွက် ဆုတောင်းပေးလိုပါကြောင်း၊ လန်ဒန် ငွေရေးကြေးရေးမြို့သည် တရုတ်ပြည်မှ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များနှင့် မိတ်ဆွေများအား တတ်နိုင်သမျှ ကူညီထောက်ခံလိုပါကြောင်း ပြောကြားပါသည်။

မိုက်ဒေါကလည်း တရုတ်ပြည်သူပြည်သားများက အခက်အခဲများကို ကျော်လွှား နိုင်ရန် ဆုတောင်းပါကြောင်း၊ မိမိတို့သည် တစ်စိတ်တည်းပင် ဖြစ်ကြောင်း ပြောကြားပါသည်။