宋冉

ရှီကျင့်ဖိန်သည် ပီကင်း၌ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းကို လေ့လာ ကြည့်ရှု

(GMT+08:00)2020-02-11 17:28:39  

图片默认标题_fororder_xi

图片默认标题_fororder_3

ယခုလ ၁၀ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပီကင်းမြို့၌ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းကို လေ့လာ ကြည့်ရှု ညွှန်ကြားခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ချောင်ယမ် မြို့နယ် အန်ဟွာလီ လူနေရပ်ကွက်သို့ သွားရောက်ပြီး အခြေခံ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး၊ မြို့သူမြို့သားများ နေ့စဉ် စားကုန်သုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရေး အခြေအနေကို လေ့လာ စစ်ဆေးပြီး ယင်းလူနေရပ်ကွက်၌ နေထိုင်သူများနှင့် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဝန်ထမ်းများအား ကြည့်ရှုအားပေးခဲ့သည်ဟု စီစီတီဗီမှ သတင်းအရ သိရပါသည်။