辛甜

ကမ္ဘာ့ စားပွဲတင်တင်းနစ်အသင်းသည် တရုတ်ပြည် ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ငွေလှူဒါန်းပေး

(GMT+08:00)2020-02-10 12:52:25  

图片默认标题_fororder_ping1

图片默认标题_fororder_ping

ဒေသစံတော်ချိန် ယခုလ ၈ ရက်နေ့ညက ဆွစ်ဇာလန်နိုင်ငံ မွန်ထရပ်မြို့၌ ကျင်းပသော တရုတ် ဆောက်လုပ်ရေးဘဏ် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ စားပွဲတင်တင်းနစ်အသင်း Euro 16 ဖုလား ပြိုင်ပွဲတွင်၊ ကမ္ဘာ့ စားပွဲတင်တင်းနစ်အသင်းသည် တရုတ်ပြည် အထူးသဖြင့် ဝူဟန့်မြို့၏ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ တိုက်ဖျက်ရေးကို ထောက်ခံရန်အတွက် ဆွစ်ဇာလန် နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးအား ဆွစ်ဇာလန်ငွေ ၃ သောင်းကို လှူဒါန်း ပေးအပ်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ငွေလှူဒါန်းပွဲ အခမ်းအနားတွင် ပြိုင်ပွဲ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ နီကိုလာ အစ်မ်ဟော့နှင့် ဥရောပ စားပွဲတင်တင်းနစ်အသင်း ဥက္ကဋ္ဌ ရိုနာဒ် ကရာမေရ်တို့သည် အလှူငွေစာတမ်းကို တရုတ်သံအမတ်ကြီး ကင်ဝင်ပင်သို့ ပေးအပ်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် အားကစားရုံ ပတ်လည်နံရံပေါ်တွင် တရုတ်စာတမ်း “ဟူဟန့် ကြိုးစား” နှင့် အင်္ဂလိပ် စာတမ်း “Be Strong, Wuhan” ပေါ်လာခဲ့ကြောင်း၊ အစ်မ်ဟော့က တရုတ်ပြည်သူများအား အားပေးထောက်ခံခြင်းကို ဖေါ်ပြနိုင်ရန် မျှော်လင့်သည်ဟု ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။