辛甜

တရုတ်ပြည် ဒေသအရပ်ရပ်တွင် ကုန်ထုတ်လုပ်မှုနှင့် ကုန်ပစ္စည်းဖြန့်ဖြူးမှုကို တွန်းအား ပေးနေ

(GMT+08:00)2020-02-08 13:29:50  

图片默认标题_fororder_gedi1

图片默认标题_fororder_gedi2

图片默认标题_fororder_gedi

图片默认标题_fororder_gedi3

တရုတ်ပြည် ဒေသအရပ်ရပ်တွင် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကုန်ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူရေး လုပ်ငန်းကို ထိရောက်စွာ တွန်းအားပေး ဆောင်ရွက်နေပါသည်။ လုပ်ငန်းကုမ္ပဏီများ၏ ကူးစက်ရောဂါ ထိန်းချုပ်ရေး ဆိုင်ရာ ကုန်ပစ္စည်းများ ပြန်လည် ထုတ်လုပ်မှုကို တွန်းအား ပေးနေသည့် တစ်ချိန်တည်းတွင် စက်မှုနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် ပုံမှန် ဖြစ်ရေးနှင့် ပြည်သူလူထုများ၏ နေ့စဉ် စားကုန်သောက်ကုန် ဖြန့်ဖြူးမှုကိုလည်း အားဖြည့် လုပ်ဆောင် ပေးနေသည်ဟု စီစီတီဗီမှ သတင်းအရ သိရပါသည်။

ကွမ်တုန်းပြည်နယ်သည် ထောက်ပံ့ကြေးပေးခြင်း၊ စရိတ် လျှော့ချခြင်း စသည့် ဆောင်ရွက်မှုများ ပြုလုပ်ပြီး လုပ်ငန်းကုမ္ပဏီများ ကုန်ထုတ်လုပ်မှု ပြန်လည် စတင်ရန်ကို ထောက်ခံ ပေးနေပါသည်။ ယခု ကွမ်တုန်းပြည်နယ်၌ ကူးစက်ရောဂါ ထိန်းချုပ်ရေး ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းကုမ္ပဏီ ၇၁ ရာခိုင်နှုန်းခန့် ပြန်လည် ပုံမှန် လည်ပတ်နေပြီဟု သတင်းရရှိပါသည်။

နွေဦးပွဲတော် ရုံးပိတ်ရက်ရှည် အပြီးတွင် ပီကင်းမြို့ အမြန်ချောပို့ ပမာဏသည် တစ်ဆင့်တိုး တိုးများလာပါသည်။ ပို့စ်ဌာနများ၊ အမြန်ချောပို့ ကုမ္ပဏီများသည် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဆိုင်ရာ ကုန်ပစ္စည်းများ ပို့ဆောင်မှုကို ဦးစားပေး ဆောင်ရွက်ပေးနေသည်ဟု သတင်းအရ သိရပါသည်။