徐敏霞

တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်းအဝေး တက်ရောက်မည် ဖြစ်ပြီး novel coronavirus အဆုတ်ရောင်နာရောဂါ ကူးစက်မှု အခြေအနေကို လက်တွဲ လေ့လာ အကဲဖြတ်မည်

(GMT+08:00)2020-01-22 09:53:00  

图片默认标题_fororder_耿爽

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေး စည်းမျဉ်းဥပဒေ၊ အရေးပေါ်အရေးအခင်း ကော်မတီ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ အစည်းအဝေးတွင် နိုင်ငံအသီးသီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် novel coronavirus အဆုတ်ရောင်နာ ကူးစက်ရောဂါ ဆိုင်ရာ သတင်းအချက်အလက်များကို ကူးလူးဖလှယ်မည် ဖြစ်ပြီး ရောဂါ ကူးစက်မှု အခြေအနေကို သိပံ္ပပညာကျစွာ လေ့လာ အကဲဖြတ်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ မိသားစုကြီးနှင့်အတူ ကူးစက်ရောဂါကို လက်တွဲ ရင်ဆိုင် ဖြေရှင်းပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကျန်းမာရေး လုံခြုံမှုကို လက်တွဲ ထိန်းသိမ်းကာကွယ်လိုပါကြောင်း ယခုလ ၂၁ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။ (ကျော့)