辛甜

အကြိမ် ၉၀ မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ်ဝှမ်းဒေသ ပူးတွဲကင်းလှည့်ကြပ်မတ်ရေး အောင်မြင်စွာ ပြီးဆုံး

(GMT+08:00)2020-01-22 12:11:09  

     ယခုလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီတွင် အကြိမ် ၉၀ မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ်ဝှမ်းဒေသ ပူးတွဲကင်းလှည့်ကြပ်မတ်ရေးတွင် ပါဝင်သော တရုတ်ကြပ်မတ်ရေးသင်္ဘော ၃ စင်းသည် တရုတ်နိုင်ငံ ကွမ်လေဆိပ်ကမ်းသို့ ချောမောစွာ ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၀ပြည့်နှစ် ပထမဆုံးအကြိမ် ၄ နိုင်ငံ ပူးတွဲ ကြပ်မတ်ရေး အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု ပြဆိုကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဦးစီးဌာနမှ သတင်းအရ ယခုအကြိမ် ကြပ်မတ်ရေးသည် ၆ ရက် ၅ ညကြာပြီး ခရီးစဉ် စုစုပေါင်း ၇၄၈ ကီလိုမီတာ ရှည်လျားကာ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ကြပ်မတ်ရေးသင်္ဘော စုစုပေါင်း ၆ စင်းကို စေလွှတ်၍ ကြပ်မတ်ရေးသမား ၁၂၉ ဦးပါရှိသည်ဟု သိရပါသည်။