徐敏霞

၂၀၁၉ ခုနှစ်တွင် တရုတ်ပြည်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၅့ ၈ ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2020-01-22 09:48:39  

ယခုလ ၂၁ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင်၊ တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က၊ ၂၀၁၉ ခုနှစ်တွင် တရုတ်ပြည် ကုန်သွယ်ရေး အခြေအနေသည် ခြုံပြီးကြည့်လျှင် တည်ငြိမ်ပြီး တစ်နှစ်အတွင်း နိုင်ငံခြား ငွေရင်းမြှုပ်နှံမှု ပမာဏမှာ ၂၀၁၈ ခုနှစ်ကထက် ၅့ ၈ ရာခိုင်နှုန်း တိုးလာကာ ဖွံ့ဖြိုးဆဲနိုင်ငံများအနက် ပထမ နေရာနှင့် တစ်ကမ္ဘာလုံးတွင် ဒုတိယနေရာ၌ အသီးသီး တည်ရှိနေကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ချန်ခေ့မင်က၊ ၂၀၁၉ ခုနှစ်တွင် တရုတ်ပြည်၌ နိုင်ငံခြား ငွေရင်းမြှုပ်နှံမှုပမာဏမှာ ယွမ် ၉၄၁့ ၅ ဘီလီယံ ရှိကြောင်း၊ ယင်းတို့အနက် အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်မှ နိုင်ငံခြား ငွေရင်းမြှုပ်နှံမှု ပမာဏမှာ ယွမ် ၂၆၆ ဘီလီယံ ရှိပြီး ၂၅့ ၆ ရာခိုင်နှုန်း တိုးလာပါကြောင်း ၂၁ ရက်နေ့က ပြောကြားခဲ့ပါသည်။ (ကျော့)