徐敏霞

တရုတ်ပြည်တွင် novel coronavirus အဆုတ်ရောင်နာ ရောဂါသည် အယောက် ၄၄၀ အထိ တိုးလာ

(GMT+08:00)2020-01-22 12:22:43  

ယခုလ ၂၂ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံတော် ကျန်းမာရေး ကော်မတီ ဒုဥက္ကဋ္ဌ လီပင်းက၊ ၂၁ ရက်နေ့ည ၁၂ နာရီ အထိ တစ်ပြည်လုံးတွင် novel coronavirus အဆုတ်ရောင်နာ ရောဂါ ဗိုက်ရပ်စ်ပိုး စွဲကပ်ခံရသော ရောဂါသည် အယောက် ၄၄၀ အထိ တိုးလာပြီး လူ ၉ ယောက် သေဆုံးကြောင်း ပြောကြားခဲ့ပါသည်။

လီပင်းက၊ ဆက်လက်ပြီး အဆင့်ဆင့်သော အစိုးရဌာနနှင့် ကျန်းမာရေးဌာနများသည် ဝူဟန့်မြို့ကို အဓိကအဖြစ် ထားပြီး ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးကို အားဖြည့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် တစ်ပြည်လုံးတွင် တိုင်းတာ တုံ့ပြန် ဆောင်ရွက်မှုများကို တိုးမြှင့်ပြီး သတင်းအချက်အလက်များကို အချိန်မီ ထုတ်ပြန်မည် ဖြစ်ကြောင်း ပြောကြားပါသည်။ (ကျော့)