朱蕾

ပါလက်စတိုင်းပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း တရုတ် ကိုယ်စားလှယ် ဖော်ပြ

(GMT+08:00)2020-01-22 12:10:12  

ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ပါလက်စတိုင်း ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များ ကို အကြမ်းဖက်ခြင်းနည်းလမ်းများဖြင့် ဖြေရှင်းခြင်း၊ သို့မဟုတ် လက်နက်အင်အားဖြင့် ခြိမ်းခြောက်ခြင်းများသည်၊ ထွက်ရပ်လမ်းမရှိကြောင်း ယခုလ ၂၁ ရက်နေ့က ထုတ်ဖော် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

ထိုနေ့ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအခြေအနေနှင့် ပါလက်စတိုင်းပြဿနာဆိုင်ရာ အ​တိ​အ​လင်းအ​ချေ​အ​တင်​ဆွေးနွေးပွဲ၌ ကျန်းကျွင်းက သက်ဆိုင်ရာ ဘက်များအနေနှင့် တူညီသော ဦးတည်ချက်သို့ ချီတက်ကြရန်၊ စစ်ရေး လုပ်ဆောင်ချက်များရပ်စဲရန်၊​ သွေး​ထိုး​လှုံ့ဆော်လာသော အပြောအဆိုများရပ်စဲရန်၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်အခြေခံအုတ်မြစ် ထိန်းသိမ်းကာကွယ်ရန်နှင့် ငြိမ်းချမ်းစွာ ပြန်လည်စေ့စပ်ဆွေးနွေးကြရန် တရုတ်က အားပေးတိုက်တွန်းကြောင်း ဖော်ပြ သည်ဟု သတင်းအရသိရသည်။